Home
အားကစား
အချက်အလက်အရ ပရီးမီးယားလိဂ် အကောင်းဆုံးတိုက်စစ်မှူး ၅ ဦးစာရင်းတွင် ဟာလန်းမပါဝင်
DVB
·
March 29, 2024

အချက်အလက်တွေအရ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူး ၅ ဦးစာရင်းမှာ နာမည်ကြီး မန်စီးတီးတိုက်စစ်မှူး ဟာလန်း မပါဝင်ခဲ့ပါဘူး။

Opta ကသုတေသနပြုလုပ်တဲ့ အချက်အလက်အသစ်နဲ့ ထုတ်ပြန်ချက်အရ ပရီးမီးယားလိဂ်မှာ ၁၈ ဂိုးသွင်းပြီး ဂိုးအများဆုံးသွင်းယူထားသူ ဟာလန်းက ထိပ်ဆုံး ၅ ဦးစာရင်းမှာတောင် မပါဝင်နိုင်ခဲ့တာပါ။

အကောင်းဆုံးတိုက်စစ်မှူးအဖြစ် သတ်မှတ်မှတ်ရာမှာ xG လို့ခေါ်တဲ့ သွင်းဂိုးမျှော်လင့်နိုင်တဲ့ အချက်အလက်အပေါ် အဓိကထားခဲ့ပြီး ပင်နယ်တီတွေ၊ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ အပေါ် ထည့်သွင်းတွက်ချက်တာမျိုး မဟုတ်ပါဘူး။

အပိုင်အခွင့်အရေးဖန်တီးနိုင်မှု၊ လှည့်စားကျော်ဖြတ်နိုင်မှု၊ ခံစစ်အတွင်းမှာ ဘောလုံးရယူနိုင်မှု၊ ကန်ချက်တွေနဲ့ တိကျတဲ့ကန်ချက်၊ ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ ကန်ချက်ရာခိုင်နှုန်း အစရှိတာတွေကို တွက်ချက်ပြီး ထုတ်ပြန်ခဲ့တာပါ။

အဲဒီအချက်အလက်တွေအရ လီဗာပူးတိုက်စစ်မှူး ဒါဝင်နူညက်ဇ်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးအဖြစ် ရပ်တည်ခဲ့ပြီး ဗီလာတိုက်စစ်မှူး ဝက်ကင်စ်၊ မန်ယူတိုက်စစ်မှူး ဟွိုက်လန်းတို့က ထိပ်ဆုံး သုံးဦးစာရင်းဝင်ခဲ့တာပါ။

အဲဒီနောက် ဖူဟမ်တိုက်စစ်မှူး မူနိစ်နဲ့ စပါးတိုက်စစ်မှူး ရစ်ချာလီဆင်တို့က ထိပ်ဆုံး ၅ ဦး စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013