Home
နိုင်ငံတကာ
သြစတြေးလျက ဆိုလာပြားတိုးချဲ့ထုတ်လုပ်ရန် ဒေါ်လာသန်း ၆၅၀ ကျော် ရန်ပုံငွေ ထူထောင်မည်
DVB
·
March 28, 2024
Australia to create $653 mln fund to expand solar panel manufacturing

သြစတြေးလျနိုင်ငံဟာ ပြည်တွင်းမှာ ဆိုလာပြားတွေ တိုးချဲ့ထုတ်လုပ်ရေး ကူညီဖို့ ဩစတြေးလျဒေါ်လာ ၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၆၅၃ သန်း) ရန်ပုံငွေ ထူထောင်မယ်လို့ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီက မတ် ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

ကျောက်မီးသွေးစွမ်းအင်ကနေ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို သုံးတဲ့ နိုင်ငံအဖြစ် အသွင်ကူးပြောင်းရေးကို အရှိန်မြှင့်ဖို့ ကြိုးပမ်းနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အယ်လ်ဘန်နီရဲ့ ဗဟိုလက်ဝဲ အလုပ်သမားအစိုးရဟာ ၂၀၂၂ ခုနှစ်မှာ အာဏာရလာပြီးကတည်းက လေ၊ နေစွမ်းအင်နဲ့ ဘက်ထရီစီမံကိန်းတွေ ရေးဆွဲဖို့ ဩစတြေးလျဒေါ်လာ ဘီလီယံ ၄၀ ကျော် ရင်းနှီးမြှုပ်နှံပြီး အသုံးစရိတ် တိုးမြှင့်နေတာပါ။

အစိုးရဟာ ၂၀၃၀ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား ၈၂ ရာခိုင်နှုန်းကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကနေ ထုတ်ယူဖို့ ရည်မှန်းထားပါတယ်။

အခုတော့ လျှပ်စစ်ဓာတ်အား ၄၀ ရာခိုင်နှုန်းလောက်ကို ပြန်လည်ဖြည့်ဖြိုးမြဲ စွမ်းအင်ကနေ ထုတ်ယူနေပါတယ်။

ပဏာမအစီအစဉ်မှာ ထုတ်လုပ်မှု ထောက်ပံ့ကြေးတွေနဲ့ ထောက်ပံ့ငွေတွေ ပါမှာဖြစ်ပြီး သြစတြေးလျနိုင်ငံရဲ့ ထိပ်တန်းလျှပ်စစ်ထုတ်လုပ်သူ AGL Energy ရဲ့ ကျောက်မီးသွေးသုံး Liddell ဓာတ်အားပေးစက်ရုံဟောင်းရဲ့ နေရာမှာ ဆိုလာပြားတွေ ထုတ်လုပ်နိုင်ရေး ကူညီပေးမယ်လို့ အယ်လ်ဘန်နီက ပြောခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013