ဂျပန်နိုင်ငံမှာ အနီရောင် တစေးဆန် ပါဝင်နေတဲ့ ဂျပန်ဖြည့်စွက်စာနဲ့ ဆက်စပ်နေတဲ့ သေဆုံးသူ နှစ်ဦးရှိပြီး ဆေးရုံတင်ထားရသူ ၁၀၆ ဦးရှိတယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယိုရှိမာဆာ ဟာယားရှိက မတ်လ ၂၇ ရက်မှာ ပြောပါတယ်။
အိုဆာကာအခြေစိုက် ကိုဘာယားရှိ ဆေးဝါးကုမ္ပဏီဟာ ကိုလက်စထရော လျှော့ချရာမှာ ကူညီပေးတယ်ဆိုတဲ့ ဘယ်နိကိုးဂျိ ခေါ် အနီရောင် တစေးဆန် ပါဝင်နေတဲ့ သူ့ထုတ်ကုန်တွေ အများအပြားကို စားသုံးသူဖောက်သည်တွေရဲ့ ကျန်းမာရေး မထိခိုက်စေအောင် သူတို့ဆန္ဒအလျောက် ဈေးကွက်ကနေ ပြန်သိမ်းဆည်းနေကြောင်း ကြေညာချက်တခုကို မတ်လ ၂၅ ရက်က ထုတ်ပြန်ထားပါတယ်။
ဘယ်နိကိုးဂျိ ထုတ်ကုန်ထဲမှာ ကိုလက်စထရောကို လျှော့ချပေးတယ်လို့ ဆိုတဲ့ မိုနားစကုစ် ပူးပုရို့စ် ခေါ် အနီရောင် မှိုတမျိုး ပါဝင်နေပါတယ်။
တချို့အစားတွေမှာ မှိုကို အနီရောင်အတွက် အသုံးပြုထားပါတယ်။ ကိုဘာယားရှိကုမ္ပဏီရဲ့ အွန်လိုင်းမှာ ရောင်းချထားတဲ့ ထုတ်ကုန်တွေကိုလည်း ပြန်လည်သိမ်းဆည်းနေပြီး တရုတ်နဲ့ ထိုင်ဝမ်တို့မှာ အရောင်းဆိုင်းငံ့ထားကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Source/Photo-Reuters