Home
နိုင်ငံတကာ
ထိုင်ဝမ် ပြည်တွင်းထုတ် စစ်သင်္ဘော ၂ စင်းကို ရေတပ်ထံ လွှဲပေး 
DVB
·
March 28, 2024
Taiwan-Navy-Ship

ထိုင်ဝမ်ဟာ ပြည်တွင်းထုတ် နောက်ထပ် စစ်သင်္ဘောနှစ်စင်းကို သူ့ရဲ့ ရေတပ်ဆီ ကနဦး အချိန်ဇယားထက် ပိုစောပြီး ပေးပို့ခဲ့ပါတယ်။ 

ထိုင်ဝမ်ကျွန်းနားမှာ တရုတ်စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေ ပိုလှုပ်ရှားလာလို့ အသေးစား သင်္ဘောအမြောက်အမြား တည်ဆောက်ဖို့ ထိုင်ဝမ်အစိုးရက အဆောတလျင် ဆောင်ရွက်နေတာပါ။

ထိုင်ဝမ် အစိုးရဟာ ၂၀၂၂ ကနေ အထူးငါးနှစ်ဘတ်ဂျက်ကို ပြုစုပြီး သင်္ဘောတွေ တည်ဆောက်ဖို့ ပြည်တွင်းက သင်္ဘောတည်ဆောက်သူကို တာဝန်ပေးခဲ့ပါတယ်။

ပဉ္စမနဲ့ ဆဋ္ဌမမြောက် သင်္ဘောတွေကို စီစဉ်ထားတာထက် လ ၂၀ စောပြီး အင်္ဂါနေ့မှာ ရေတပ်ဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ 

ဒီသင်္ဘောတွေဟာ အရှိန်ပြင်းပြင်းနဲ့ တည်တည်ငြိမ်ငြိမ် သွားလာနိုင်တဲ့ ကိုယ်ထည်နှစ်ခု ပါတဲ့ သင်္ဘောတွေပါ။ သင်္ဘောပစ်နဲ့ လေယာဉ်ပစ်ဒုံးကျည်တွေကိုလည်း ပစ်လွှတ်နိုင်ဖို့ တပ်ဆင်ထားပြီး ရန်သူ ရေဒါမှာ ထောက်လှမ်းရခက်စေတဲ့ ကိုယ်ပျောက်နည်းပညာကိုလည်း သုံးထားပါတယ်။ 

ထိုင်ဝမ်သမ္မတဟာ ယိလန်ခရိုင်ထဲက ဆိပ်ကမ်းတခုမှာ သင်္ဘောတွေကို လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သင်္ဘောထုတ်လုပ်မှု ပထမအဆင့် ပြီးစီးတာကို ကြိုဆိုခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ထုတ်လုပ်မှု ဒုတိယအဆင့်မှာ စစ်သင်္ဘောငါးစင်း ထပ်တည်ဆောက်ဖို့လည်း စီစဉ်ထားပါတယ်။ 

မတ်လ ၂၆ ရက်မှာ တရုတ်တပ်ဖွဲ့တွေက ထိုင်ဝမ်ရေလက်ကြားကို ကျူးကျော် ဝင်ရောက်နေချိန်မှာ ထိုင်ဝမ်ဟာ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်တွေကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ 

ထိုင်ဝမ်အစိုးရက ဝေဟင်၊ မြေပြင်၊ ရေတပ် တပ်ဖွဲ့တွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ရင်း မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ ပစ်လွှတ်ရင်း စစ်ရေး အဆင်သင့်ရှိကြောင်း ပြသခဲ့ပါတယ်။ 

ထိုင်ဝမ် လေတပ် ကွပ်ကဲမှုဌာနချုပ်က ကြည်းတပ်နဲ့ ရေတပ်က တပ်ဖွဲ့တွေနဲ့အတူ မနက် ၅ နာရီမှ ၇ နာရီအတွင်း ပြည်တွင်းဖြစ် စကိုင်းဘိုးနဲ့ အမေရိကန်လုပ် ပက်ထရီရော့ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေကို ပစ်ခတ် လေ့ကျင့်ခဲ့ပါတယ်။

Source/Photo-REUTERS/Ann Wang

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013