အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင်မှာ မန်စီးတီးခံစစ်ကစားသမားတချို့ ဒဏ်ရာပြဿနာတွေ နဲ့ ရင်ဆိုင်နေရပါတယ်။
အင်္ဂလန်နောက်ခံလူ ကိုင်ဝေါ်ကာဟာ ဘရာဇီးကိုရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရသလို ဂျွန်စတုန်းစ်ဟာလည်း ဘယ်လ်ဂျီယံနဲ့ခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့လို့ လူစားလဲခဲ့ရပါသေးတယ်။
ဆွစ်ဇာလန်နောက်ခံလူ အကန်ဂျီဟာလည်း ဒဏ်ရာရရှိခဲ့လို့ မသေချာတဲ့ အခြေအနေမှာရှိနေတာပါ။ ဒါ့အပြင် ဂိုးသမားအီဒါဆန်ဟာလည်း အာဆင်နယ်နဲ့ပွဲအမီ ကြံ့ခိုင်မှု ပြန်လည် ပြည့်လာဖို့ရုန်းကန်နေရတာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ပွဲစဉ်ကို လာမယ့် တနင်္ဂနွေနေ့ ည ၁၀ နာရီမှာ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အမှတ်ပေးဇယားအဆင့်တစ်နေရာအတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်ပါတယ်။
Photo-Reuters