Home
နိုင်ငံတကာ
အင်ဒိုနီးရှား ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှုမရှိဟု ရှုံးနိမ့်ခဲ့သည့် ကိုယ်စားလှယ်လောင်း ဝေဖန်
DVB
·
March 28, 2024
Presidential candidate Anies Baswedan speaks while challenging the election result at Indonesia's constitutional court in Jakarta

အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း အာနီးစ်ဘက်စ်ဝေဒန်က ပြီးခဲ့တဲ့လ ရွေးကောက်ပွဲဟာ တရားမျှတစွာနဲ့ လွတ်လွတ်လပ်လပ် ကျင်းပခဲ့တာ မဟုတ်ဘူးလို့ မတ် ၂၇ ရက်မှာ ပြောကြားလိုက်ပြီး ရွေးကောက်ခံသမ္မတကို မျက်နှာသာပေးတဲ့အနေနဲ့ ရလဒ်ကို လှည့်စားပြီး နိုင်ငံတော်က ဝင်ရောက်စွက်ဖက်ခဲ့တယ်လို့လည်း စွပ်စွဲပြောဆိုပါတယ်။ 

ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဆူဘီယန်တို တခဲနက် အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့လက ရွေးကောက်ပွဲအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို စိန်ခေါ်ကြောင်းလည်း အာနီးစ်က ထုတ်ဖော်ပြောကြားပါတယ်။ 

အစိုးရကတော့ ဝင်ရောက်စွက်ဖက်ခြင်း ဆိုတာကို ငြင်းဆိုထားပါတယ်။ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့နဲ့ အရည်အချင်း မပြည့်မီတဲ့ ပရာဘိုဝိုကို မဲစာရင်းကနေ ပယ်ဖျက်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးအနေနဲ့ အမိန့်ပေးစေလိုကြောင်း အာနီးစ်ရဲ့ အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုခဲ့ပါတယ်။ 

ပရာဘိုဝိုကတော့ သူဟာ ရှင်းရှင်းလင်းလင်းနဲ့ တရားမျှတစွာ အနိုင်ရခဲ့တယ် ဆိုတာကို ထိန်းသိမ်းထားပါတယ်။ 

အာနီးစ်ရဲ့ ပြောဆိုတင်ပြချက်တွေဟာ ထင်မြင်ယူဆချက်တွေအပေါ် အခြေခံထားပြီး သိသာထင်ရှားတဲ့ အထောက်အထားတွေ မရှိဘူးလို့လည်း သူ့ရဲ့တရားရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ အာနီးစ်ဟာ မဲပေါင်း ၂၅ ရာခိုင်နှုန်း ရရှိထားပြီး ဂန်ဂျာ ပရာနိုဝိုကတော့ ၁၆ ရာခိုင်နှုန်းနဲ့ တတိယနေရာ ရရှိခဲ့ပါတယ်။

Source/Photo-Reuters/Antara Foto/Aprillio Akbar

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013