Home
နိုင်ငံတကာ
ဆာမိုအာတွင် ကျင်းပမည့် ဓနသဟာယအစည်းအဝေး၌ ရာသီဥတုပြောင်းလဲမှုကိစ္စ ဆွေးနွေးမည်
DVB
·
March 28, 2024
Flags representing Commonwealth countries fly at the Kigali Convention Centre, the venue hosting the Commonwealth Heads of Government Meeting in Kigali

ပစိဖိတ်ကျွန်းစုက ဆာမိုအာနိုင်ငံလေးမှာ အောက်တိုဘာလမှာကျင်းပမယ့် ဓနသဟာယအစည်းအဝေးအတွင်း ရာသီဥတုပြောင်းလဲမှုရဲ့ ခြိမ်းခြောက်မှုကို အာရုံစိုက်မယ်လို့ ဓနသဟာယအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ပက်ထရစ်စီယာ စကော့တလန်က မတ် ၂၇ ရက်မှာ ပြောပါတယ်။

ဉာဏ်ရည်တုဆိုင်ရာကိစ္စရပ်တွေ တိုးတက်မှုကို အမီမလိုက်နိုင်ဘဲ နောက်ကျ ကျန်ရစ်တာ မဖြစ်အောင် ဘယ်လိုအာရုံစိုက်မလဲဆိုတာ ဆွေးနွေးမယ်လို့လည်း သူကပြောပါတယ်။

ဗြိတိသျှအင်ပါယာကနေ ဆင့်ကဲပြောင်းလဲလာတဲ့ နိုင်ငံပေါင်း ၅၆  နိုင်ငံပါတဲ့ ဓနသဟာယ အဖွဲ့ဟာ လူပေါင်း ၂ ဒသမ ၅ ဘီလီယံကို လွှမ်းခြုံထားတဲ့ ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ အဖွဲ့အစည်း တရပ်ပါ။

ဆာမိုအာနိုင်ငံကတော့ ၁၉၇၁ ခုနှစ်မှာ စတာဝန်ယူပြီးတဲ့နောက် သမိုင်းဝင် ပြင်းထန်တဲ့ ဆုံးဖြတ်ချက် အနေနဲ့ ဓနသဟာယအစိုးရ အကြီးအကဲများ အစည်းအဝေးကို ပထမဆုံး လက်ခံ ကျင်းပတဲ့ ပစိဖိတ်ကျွန်းနိုင်ငံဖြစ်လာပါတယ်။.

ဒီအစည်းအဝေးမှာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးရဲ့ ဉာဏ်ရည်တုနဲ့ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ လူငယ်တွေရဲ့ အရေးပါမှုကိုလည်း ဆန်းစစ်မှာ ဖြစ်ပါတယ်။ 

Source/Photo-REUTERS/Jean Bizimana

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013