Home
နိုင်ငံတကာ
ဆန္ဒပြလယ်သမားများ၏တောင်းဆိုချက် ဖြေရှင်းမှုတိုးတက်ဟု ဘယ်လ်ဂျီယံစိုက်ပျိုးရေး ဝန်ကြီးပြော
DVB
·
March 27, 2024

မကြာသေးမီလတွေအတွင်း ဥရောပသမဂ္ဂ အစုအဖွဲ့တဝိုက်မှာ ဆန္ဒပြပွဲလှိုင်းတွေ ပေါ်ပေါက် စေခဲ့တဲ့ ဥရောပလယ်သမားတွေရဲ့တောင်းဆိုချက်တွေကို ဖြေရှင်းရာမှာ တိုးတက်မှု ရှိလာခဲ့ကြောင်း ဘယ်လ်ဂျီယံ စိုက်ပျိုးရေးဝန်ကြီး ဒေးဗစ် ကလယ်ရင်ဗယ်လ်က မတ် ၂၆ ရက် မှာ ပြောပါတယ်။ 

ဒါပေမဲ့ ဥရောပသမဂ္ဂ အီးယူဟာ သူတို့ရဲ့ စိတ်မသက်မသာဖြစ်မှုတွေကို တည်ငြိမ်စေဖို့ ဖြစ်နိုင်ခြေရှိတဲ့ အဖြေအားလုံးကို ဆက်လက်ရှာဖွေသင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဥရောပသမဂ္ဂဥက္ကဋ္ဌအဖြစ် ၆ လ အလှည့်ကျတာဝန်ယူထားတဲ့ ဘယ်လ်ဂျီယံ စိုက်ပျိုးရေးဝန်ကြီး ဒေးဗစ် ကလယ်ရင် ဗယ်လ်က မတ် ၂၆ ရက်က ဘရပ်ဆဲလ်မှာ အဖွဲ့ဝင် ၂၇ နိုင်ငံ စိုက်ပျိုးရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီးနောက်မှာ ကိစ္စက မပြီးသေးဘူးလို့လည်း ပြောပါတယ်။

အီးယူအဖွဲ့ဝင်တွေဟာ အစုအဖွဲ့ရဲ့စျေးကွက်တွေဆီ ယူကရိန်းကို အခွန်ကင်းလွတ်ခွင့် နောက်ထပ် ၁ နှစ်သက်တမ်း တိုးခွင့်အတွက် ဘယ်လိုခွင့်ပြုရမယ်ဆိုတာကို ဆွေးနွေးငြင်းခုံနေကြတာပါ။ 

ပြင်သစ်နဲ့ ပိုလန်တို့ဟာ အီးယူစိုက်ပျိုးရေး ဈေးကွက်တွေ မတည်မငြိမ်ဖြစ်ခြင်းနဲ့ ဒေါသထွက်နေတဲ့ တောင်သူလယ်သမားတွေကို နောက်ထပ်စိတ်ဆိုးစေမယ့် ကိစ္စတွေ တားဆီးဖို့အတွက် ယူကရိန်းမှ စားသောက်ကုန် ထုတ်ကုန်တွေ တင်သွင်းမှုကို ပိုမိုတားမြစ်ဖို့ ဖိအားပေးခဲ့ပါတယ်။

ဥရောပကော်မရှင်ဟာ ယူကရိန်း လယ်ယာထွက်ကုန်တွေအပေါ် ၂၀၂၅ ခုနှစ် ဇွန်လအထိ နောက်ထပ်တနှစ် ဆိုင်းငံ့ထားဖို့ အဆိုပြုထားပြီး တင်သွင်းမှုဟာ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်ရဲ့ ပျမ်းမျှအဆင့်ကို ကျော်လွန်နေရင် ကြက်သား၊ ဥနဲ့ သကြားအတွက် "အရေးပေါ်ဘရိတ်" အသစ်နဲ့ အခွန်အခတွေကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အဲဒီစာရင်းထဲမှာ အုတ်ဂျုံ၊ ပြောင်း၊ အခွံမာစေ့တွေနဲ့ ပျားရည်တို့ကိုလည်း ထည့်သွင်းခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ EU စိုက်ပျိုးရေးကော်မရှင်နာ ယာနုစ် ဝိုက် ချက်ကော့စကီးက ယူကရိန်း စစ်ပွဲရဲ့ သက်ရောက်မှုတွေကို ခံစားရတဲ့ တောင်သူလယ်သမားတွေအတွက် နိုင်ငံတော်အကူအညီရဲ့ အရေးပါမှုကိုလည်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013