Home
မြန်မာသတင်း
အမေရိကန်လွှတ်တော်အမတ်နှင့် ဒေါက်တာမီမီဝင်းဘတ်တို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး
DVB
·
March 27, 2024
434187914_7515628988494528_4784574332194420479_n
434379331_7515629001827860_103469830970953923_n
memeq
mie 2732024

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ပိုမို အာရုံစိုက် ကူညီမြှင့်တင်ပေးဖို့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်အောက် လွှတ်တော်ကိုယ်စားလှယ် မစ္စတာပေါလ်တွန်ကိုနဲ့ ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာမီမီဝင်းဘတ်တို့ ဒေသအချိန် မတ်လ ၂၆ ရက်က နယူးယောက်ပြည်နယ်၊ မြို့တော်အယ်လ်ဘာနီမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မစ္စတာပေါလ်တွန်ကိုဟာ အမေရိကန်အောက်လွှတ်တော် စွမ်းအင်နဲ့ လွှတ်တော်ရေးရာ ကော်မတီအဖွဲ့ဝင်တယောက်ဖြစ်ပြီး အမေရိကန်လွှတ်တော်တွေထဲမှာ မြန်မာ့အရေးကိစ္စ ရှေ့တန်းရောက်လာအောင် အမေရိကန် စစ်တပ်အရာရှိဟောင်း ဒေါက်တာမီမီဝင်းဘတ်က ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အယ်လ်ဘာနီမြို့မှာရှိတဲ့ SUNY၊ အယ်လ်ဘာနီ၊ ပြည်သူ့ကျန်းမာရေးကျောင်း၊ Center for Global Health က ဦးစီးကျင်းပတဲ့ ဆွေးနွေးပွဲမှာလည်း ဒေါက်တာမီမီဝင်းဘတ်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့လက်ရှိအခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

မတ် ၂၄ ရက်ကလည်း နယူးယောက်ပြည်နယ်နဲ့ အယ်လ်ဘာနီမှာနေထိုင်တဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပြီး နွေဦးတော်လှန်ရေးကိုပိုမိုပံ့ပိုးဖို့ ဒေါက်တာမီမီဝင်းဘတ်က ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒေါက်တာမီမီဝင်းဘတ်ဟာ အမေရိကန်တပ်မတော် ဒုတိယဗိုလ်မှူးကြီးတာဝန်ကနေ အငြိမ်းစားယူထားသူဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် လိုအပ်တဲ့ စိတ်ဓာတ်နဲ့ ဗျူဟာရေးရာတွေကို အကြံပေးနေသူ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်ဟာ စစ်ခေါင်းဆောင်တွေအတွက် ပိုဆိုးတဲ့ အခြေအနေတွေကိုပဲ ကြုံလာရဖို့ရှိတယ်လို့ သူက သုံးသပ်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013