Home
နိုင်ငံတကာ
အစ္စရေး၏ ဗျူဟာမြောက်ရည်မှန်းချက်များ မအောင်မြင်ခဲ့ဟု ဟားမတ်စ်ခေါင်းဆောင် ပြော
DVB
·
March 27, 2024
Hamas 2732024

အစ္စရေးဟာ စစ်ရေး ဒါမှမဟုတ် ဗျူဟာမြောက် ရည်မှန်းချက်တွေ မအောင်မြင်ခဲ့ဘူးလို့ ဟားမတ်စ်ခေါင်းဆောင် အစ်မေးလ် ဟာနီယာက မတ် ၂၆ ရက်မှာ ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ချက်ချင်း အပစ်အခတ် ရပ်စဲရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီးနောက် တရက်အကြာမှာ ပြောလိုက်တာပါ။

ပါလက်စတိုင်းနဲ့ ဂါဇာကမ်းမြောင်ဒေသတို့မှာ ကြီးမားပြီး ကြောက်စရာကောင်းတဲ့ ပေးဆပ်မှုတွေ ရှိနေပေမဲ့ ဇီယွန်ဝါဒီအဖွဲ့ဟာ စစ်ရေးနဲ့ ဗျူဟာမြောက် ပန်းတိုင်တွေကို မအောင်မြင်ခဲ့ဘူးလို့ အီရန်မြို့တော် တီဟီရန်က အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အာမီရာ အဗ်ဒူလာဟိန်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဟာနီယာက ပြောလိုက်တာပါ။

ပါလက်စတိုင်းကို သိမ်းပိုက်ပြီးကတည်းက အစ္စရေးဟာ မကြုံစဖူး နိုင်ငံရေး အထီးကျန်အဖြစ် နေထိုင်နေပြီရတာလို့ ဟာနီယာက ပြောပါတယ်။

မတ် ၂၅ ရက်က ကုလ လုံခြုံရေးကောင်စီမှာ အမေရိကန်က မဲမပေးဘဲနေခဲ့ပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး ချက်ချင်းတောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်အပေါ် ဗီတိုအာဏာ မသုံးတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို အစ္စရေးက ဝေဖန်ခဲ့ပြီး မြေပြင်မှာ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဟားမတ်စ်တို့က ကြိုဆိုခဲ့ပြီး နှစ်ဖက်စလုံးက အကျဉ်းသား တွေကို လဲလှယ်ရေးမှာ ချက်ချင်းပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ 

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013