အီတလီနည်းပြကြီးမော်ရီဇီယိုဆာရီကို နော်တင်ဟမ်ဖောရက်စ်အသင်းကခေါ်ယူဖို့ ကမ်းလှမ်းခဲ့ ပေမဲ့ လက်မခံဘဲ ပယ်ချခဲ့တယ်လို့သိရပါတယ်။
ဂျူဗင်တပ်နဲ့ ချဲလ်ဆီးအသင်းနည်းပြဟောင်းဆာရီဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက လာဇီယိုအသင်းနည်းပြရာထူးကနေ နုတ်ထွက်ခဲ့သူပါ။
အဲဒီနောက် နော်တင်ဟမ်ဖောရက်စ်အသင်းက သုံးနှစ်သက်တမ်းရှိ စာချုပ်နဲ့ တရားဝင်ကမ်းလှမ်းခဲ့ပေမဲ့ ဆာရီဘက်က လက်မခံဘဲ ပယ်ချခဲ့တာပါ။
နော်တင်ဟမ်အသင်းဟာ ၄ မှတ်လျော့ ပြစ်ဒဏ်ချမှတ်ခံရမှုနဲ့အတူ ရလဒ်တွေ ဆိုးရွားနေတာကြောင့် အဆင့် ၁၈ အသင်းရောက်ရှိနေတာပါ။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကမှ ခန့်အပ်ခဲ့တဲ့ နည်းပြ နူနိုဆန်းတို့စ်ကို ထုတ်ပယ်ပြီး ဆာရီနဲ့ အစားထိုးဖို့ ကြိုးပမ်းခဲ့ပေမဲ့ အဆင်မပြေ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။
ဆာရီအနေနဲ့ ဖီအိုရင်တီးနားအသင်းနည်းပြရာထူးကိုတော့ လက်ခံဖွယ်ရှိတယ်လို့ သိရပါတယ်။
Photo-Reuters