Home
မြန်မာသတင်း
လူသားဖွံ့ဖြိုးမှုဆိုင်ရာအညွှန်းကိန်း မြန်မာနိုင်ငံက အလယ်အလတ်အဆင့်ရှိ
DVB
·
March 26, 2024
1920x1080_read-now-en_1

မြန်မာနိုင်ငံဟာ လူသားဖွံဖြိုးမှုဆိုင်ရာအညွှန်းကိန်း (HDI) အလယ်အလတ်အဆင့်မှာ ရှိနေတယ် လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ လူသားဖွံ့ဖြိုးမှု အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ မတ် ၁၄ ရက်မှာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထုတ်ပြန်တဲ့  ၂၀၂၄ ခုနှစ်အတွက် အစီရင်ခံစာထဲမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ဒါဟာ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ပညာရေးအခြေအနေ၊ ပျမ်းမျှလူ့သက်တမ်းနဲ့ ဝင်ငွေတို့ကို တိုင်းတာပြီး နှစ်စဉ်ထုတ်ပြန်တာပါ။

အခုနှစ်မှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံထဲမှာ ဆွစ်ဇာလန်နိုင်ငံက လူသားဖွံ့ဖြိုးမှု ဆိုင်ရာအညွှန်းကိန်း (HDI) အလွန်မြင့်အဆင့်နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး သူ့နောက်မှာတော့ နော်ဝေ၊ အိုက်စလန်၊ ဟောင်ကောင်၊ ဒိန်းမတ်၊ ဆွီဒင်၊ ဂျာမနီ၊ အိုင်ယာလန်၊ စင်ကာပူနဲ့ ဩစတြေးလျနိုင်ငံတွေက ထိပ်ဆုံး ၁၀ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ HDI အမြင့်ဆုံး ထိပ်ဆုံး ၁၀ နိုင်ငံထဲမှာ စင်ကာပူနိုင်ငံက ရှိနေပြီး ဘရူနိုင်း၊ မလေးရှား၊ ထိုင်းနိုင်ငံတွေက အလွန်မြင့်အဆင့်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေက မြင့်တဲ့ အဆင့်တွေမှာ အသီးသီး ရှိနေပြီး  လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံတွေကတော့ အလယ်အလတ်အဆင့်မှာ ရှိနေတာပါ။

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကတော့ HDI မြင့်တဲ့ နိုင်ငံထဲပါဝင်နေပြီး အိန္ဒိယနိုင်ငံကတော့ အလယ်အလတ်အဆင့်မှာ ရှိနေတာကို တွေ့ရပါတယ်။

အခုနှစ်ရဲ့ HDI အနိမ့်ဆုံး နိုင်ငံအဖြစ် ဆိုမာလီယာနိုင်ငံက အဆင့် ၁၉၃ နဲ့ အောက်ဆုံးမှာ ရှိနေပြီး ချက်၊ နိုင်ဂျာ၊ အာဖရိကနဲ့ တောင်ဆူဒန်နိုင်ငံတွေ အသီးသီး ရှိနေပါတယ်။

photo-UNDP

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013