ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မှာ မတ် ၂၅ ရက်က ကျင်းပတဲ့ ဘန်ကောက် နိုင်ငံတကာ ကားပြပွဲမှာ တရုတ်ကားထုတ်လုပ်သူတွေက ပွဲဦးထွက် ပြသခဲ့ပြီး ခုသီတင်းပတ် ကုန်စည်ပြပွဲမှာ အလေးပေး ဖော်ပြနိုင်လောက်တယ်လို့ မီဒီယာတွေက ထုတ်ပြန်ပါတယ်။
လျှပ်စစ်ကားအသစ်တွေက ထိုင်းနိုင်ငံရဲ့ မော်တော်ကားစျေးကွက်ကို ကာလရှည်ကြာ လွှမ်းမိုးထားခဲ့တဲ့ ဂျပန်ကားကုမ္ပဏီကြီးတွေအတွက် ကြီးထွားလာတဲ့ စိန်ခေါ်မှု ဆိုတာကို အလေးပေး ဖော်ပြနေတာပါ။
ကျဲ့ကျန်းကီးလီ ဦးပိုင်လုပ်ငန်းစုရဲ့ လက်အောက်ခံ ဇီးခါ ကားကုမ္ပဏီနဲ့ အက်ခ်စ်ဖန်း မော်တာတို့လို တရုတ်လျှပ်စစ်ကား ထုတ်လုပ်သူတွေဟာ မတ် ၂၇ ရက်မှာ ဖွင့်လှစ်မယ့် တပတ်ကြာ ကုန်စည်ပြပွဲမှာ ထိုင်းဖောက်သည်တွေအတွက် သူတို့ရဲ့ နောက်ဆုံးပေါ် လျှပ်စစ်ကားတွေကို ထုတ်ပြဖို့ စီစဉ်ထားပါတယ်။
ဇီးခါရဲ့ ထွန်းသစ်စစျေးကွက် အကြီးအကဲ မားစ်ချန်က သူ့ကိုယ်သူရပ်တည်ဖို့ စီစဉ်ထားပြီး ထိုင်းနိုင်ငံမှာ အရောင်းစတင်ချိန်မှာ ကားအစီးရေ ၁,၀၀၀ အထိ ရောင်းချနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။
အရှေ့တောင်အာရှရဲ့ အကြီးဆုံး မော်တော်ယာဥ်ထုတ်လုပ်မှု အချက်အချာဖြစ်တဲ့ ထိုင်းနိုင်ငံထဲမှာ ထုတ်လုပ်မှု စက်ရုံတွေအတွက် ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံဖို့ တရုတ် မော်တော်ယာဉ်ထုတ်လုပ်သူတွေက ကတိပြုထားပါတယ်။
ထိုင်းနိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ နှစ်စဉ် မော်တော်ယာဉ်ထုတ်လုပ်မှုရဲ့ ၃၀ ရာခိုင်နှုန်းကို လျှပ်စစ်ကားတွေ ပြောင်းထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။
Source/Photo-Reuters