Home
နိုင်ငံတကာ
မော်စကို ဂီတဖျော်ဖြေပွဲတိုက်ခိုက်မှု၌ ယူကရိန်းပတ်သက်နိုင်ဟု သမ္မတ ပူတင် စွပ်စွဲ
DVB
·
March 26, 2024
Putin: shooting near Moscow was conducted by radical Islamists, but fits into Ukraine's attacks on Russia

မော်စကို ဂီတဖျော်ဖြေပွဲကို IS အစွန်းရောက်အစ္စလာမ္မစ်တွေက တိုက်ခိုက်ခဲ့တယ် ဆိုတဲ့အချက်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က မတ် ၂၅ ရက်မှာ အတည်ပြုသွားခဲ့ပေမဲ့ ယူကရိန်းနဲ့ ပတ်သက်နေနိုင်တယ်ဆိုတဲ့ အမြင်ကို ဆက်လက်စွဲကိုင်ထားပါတယ်။

သမ္မတပူတင်က“ဒီသွေးထွက်သံယို တိုက်ခိုက်မှုကို ရုရှားနိုင်ငံမှာ ပိတ်ပင်ထားတဲ့ အစ္စလာမ္မစ် ISIS အဖွဲ့ရဲ့ နောက်လိုက်နောက်ပါတွေက ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံနဲ့ ပြည်သူတွေအပေါ် ဒီရက်စက်ကြမ်းကြုတ်မှုကြီးကို ကျူးလွန်မှုက ဘယ်သူ့လက်ချက်လဲဆိုတာ ကျုပ်တို့သိပါပြီ။ ကျုပ်တို့စိတ်ဝင်စားတာ သူတို့ကို ငှားတာ ဘယ်သူလဲဆိုတာပဲ” လို့ ပြောကြားခဲ့ပါတယ်။

“ဒီရက်စက်ကြမ်းကြုတ်မှုကြီးဟာ ကျုပ်တို့တိုင်းပြည်နဲ့ ၂၀၁၄ ကတည်းက စစ်ဖြစ်နေတဲ့ နီယိုနာဇီ ကိယက်ဗ်အစိုးရရဲ့ ကြိုးပမ်းမှုတွေ အားလုံးထဲက ချိတ်ဆက်တခု ဖြစ်ချင်လည်း ဖြစ်နေနိုင်တယ်” လို့ ပူတင်က စွပ်စွဲခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အာဖဂန်အခြေစိုက် ISIS-Khorasan လက်ချက်လို့ အမေရိကန်က ထုတ်ပြန်ထားပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် ကလည်း ဒီတိုက်ခိုက်မှုဟာ IS လက်ချက် ဖြစ်ကြောင်း၊ ပြင်သစ်မြေမှာလည်း အလားတူတိုက်ခိုက်ဖို့ ကြိုးစားခဲ့ဖူးကြောင်း မတ် ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013