Home
မြန်မာသတင်း
မိုးမောက်မြို့နယ်၌ လက်နက်ကြီးထိမှန်ပြီး ရွာသား ၁ ဦး သေဆုံး၊  ကလေး ၂ ဦးဒဏ်ရာရ
DVB
·
March 26, 2024
moe 2632024

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ မတ် ၂၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့  အမျိုးသားတဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

စစ်တပ်က မင်းဂျမ်းတောကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ကျေးရွာအတွင်းက နေအိမ် အလယ်တည့်တည့်ကို လက်နက်ကြီးကျည်ကျရောက်ပြီး အမျိုးသားတဦး သေဆုံးကာ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့တာပါ။

ဒေသခံတဦးက “လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတော့ ထွက်ပြေးဖို့ လုပ်တဲ့အချိန် အိမ်တည့်တည့်ကို လက်နက်ကြီးကျတာ။ အဲ့ဒီ အိမ်က အမျိုးသား တဦးသေပြီး ကလေး နှစ်ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်”လို့ ပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်လို့  အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦး ဦးခေါင်းပွင့် သေဆုံးကာ အသက် ၁၀ နှစ်အောက် ယောက်ျားလေးတဦးနဲ့ အသက် ၁၀ နှစ်အထက် မိန်းကလေးငယ်တဦးကတော့ လက်၊ ခြေထောက်နဲ့ ကိုယ်ခန္ဓာမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ ပါတယ်။

မေ ၂၁ ရက်ကလည်း  စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ဟင်္သာကျေးရွာက စစ်ရှောင်အမျိုးသမီး နှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရှိသူ ခုနစ်ဦးထက်မနည်း ရှိခဲ့ပါတယ်။

photo cj

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013