ဂါဇာကမ်းမြောင်က ဆေးရုံတွေကို အစ္စရေးက နောက်ဆုံးဝင်ရောက်စီးနင်းတာတွေနဲ့ အရပ်သားသေဆုံးမှု တိုးမြင့်လာတာကို ကန့်ကွက်တဲ့အနေနဲ့ ဂျော်ဒန်နိုင်ငံရဲ့ မြို့တော် အမ်မန်မှာ မတ် ၂၄ ရက်က ရာချီတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ကြွေးကြော်သံတွေကို ကြွေးကြော်ရင်း ပါလက်စတိုင်းအလံတွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။
ရဲတွေက အကြီးအကျယ် အခိုင်အခံ့ လုံခြုံရေးယူထားတဲ့ အစ္စရေးသံရုံးကနေ တွန်းထုတ်ဖို့ ကြိုးပမ်းချိန်မှာ ဆန္ဒပြသူ အများအပြား အရိုက်ခံခဲ့ရပြီး တခြားလူ အများအပြားလည်း အဖမ်းခံခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဆန္ဒပြသူတွေကို လူစုခွဲဖို့ အာဏာပိုင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ ချက်ချင်း မှတ်ချက်မပေးပါဘူး။
ဂါဇာကမ်းမြောင်နဲ့ သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေတွေမှာ ရုန်းရင်းဆန်ခတ်ဖြစ်ချိန်က အစ္စရေးသံရုံးဟာ အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကာလကြာရှည် စုဝေးရာနေရာအဖြစ် ရှိနေခဲ့ပါတယ်။
Source/Photo-Reuters