Home
မြန်မာသတင်း
ပုလဲမြို့တွင် တိုက်ပွဲဖြစ်
DVB
·
March 25, 2024
Pearl PDF_25032024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်မှာ မတ် ၂၅ ရက် ဒီမနက် ၁၀ နာရီက ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ‌စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားတာကြောင့် မြို့ပေါ်ကပြည်သူတွေ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်နေကြရ ပါတယ်။

ပုလဲမြို့ခံတဦးက “ကျနော်တို့ ပုလဲမြို့က စစ်ကောင်စီစခန်းတွေကတော့ နေ့တိုင်း အပစ်ခံနေရတာပဲ။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဒီအဖွဲ့မပစ်လည်း နောက်ထပ် တခြားတဖွဲ့က ပစ်နေကြတာပဲ။ ထိပ်တိုက် တိုက်ပွဲကတော့ မနေ့ကလည်း ဖြစ်တယ်၊ ဒီနေ့မနက်လည်း ဖြစ်တယ်။ တိုက်ပွဲ နေ့တိုင်းဖြစ်နေတော့ လုပ်စားရမှာလား၊ တောင်းစားရမှာလားကို မသိတော့ပါဘူး။ နှစ်ဖက်အထိအခိုက်ကတော့ မသိဘူး။ ကိုယ့်အသက် မသေရအောင် ကိုယ့်အိမ်ထဲ ကုပ်နေရတယ်” လို့ ‌ပြောပါတယ်။

အခု နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်တဲ့နေရာဟာ ပုလဲမြို့ သင်္ချိုင်းကုန်းအနီးမှာ ဖြစ်တယ်လည်း သိရပါတယ်။

သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူက “ကျနော်တို့ ရှေ့ကင်းပုန်းနဲ့ စကစ ကင်းပုန်းနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှု ဖြစ်ခဲ့တာဗျာ။ ဒီကောင်တွေ ရဲစခန်းထဲကနေ အမာခံနေရာယူထားပြီး မြို့ပတ်ပတ်လည်ကို ကင်းပုန်းဝပ်လေ့ ရှိတာကို သိလို့ ကျနော်တို့ဘက်က လက်ဦးမှုယူပြီး ပစ်ခတ်ခဲ့တာဗျ။ မြို့ပတ်ပတ်လည်ကို ကျနော်တို့ ပိတ်ဆို့ ချောင်းနေတာ သုံးရက်ရှိပြီဗျ။ မနေ့ကလည်း တိုက်ပွဲခဏဖြစ်သေးတယ်၊ ဒီနေ့လည်း ဖြစ်တယ်” လို့ ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အသေအပျောက် ဒဏ်ရာရတာ ရှိ၊ မရှိကတော့ မသိရသေးဘဲ တော်လှန်ရေတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူးလို့ဆိုပါတယ်၊

အခုတိုက်ပွဲမှာ  BNRA ရဲ့ သခင်ဒေါင်းညိုတပ်ရင်းနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ကောင်စီတပ်တွေကို ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013