Home
မြန်မာသတင်း
ဖရူဆိုတွင် စစ်ကျန်ပစ္စည်းကို ကလေးများ ကစားမိပြီး ပေါက်ကွဲ၊ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
DVB
·
March 25, 2024
ChildrenInjured_25032024

ကရင်နီ(ကယား)ပြည်နယ်၊ ဖရုဆိုမြို့နယ် အနောက်ဘက်ဒေသမှာ ကလေးတွေက စွပ်ဗုံးလို့ ယူဆရတဲ့ ပစ္စည်းတခု ဆော့ကစားမိရာ ပေါက်ကွဲမှုဖြစ်ပြီး တဦးသေဆုံးကာ နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိတယ်လို့ ဒေသခံတဦးထံက သိရပါတယ်။

ပေါက်ကွဲမှုဟာ မတ် ၂၃ ရက်က ဖြစ်ပွားခဲ့ပြီး အဲဒီကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ချိန်တုန်းက စစ်သားတွေကျန်ခဲ့တဲ့ ပေါက်ကွဲတတ်တဲ့ စစ်ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “အရင်တုန်းက စစ်ရှောင်ကြရတယ်။ တိုက်ပွဲဖြစ်ပွားတုန်းက ကျန်ခဲ့တဲ့ ပေါက်ကွဲတတ်တဲ့  စစ်ပစ္စည်းတွေလို့ ယူဆရတယ်။ သေသေချာချာလည်း ဘယ်သူမှမသိဘူး။ ကလေးတွေ ယူဆော့တော့ ပေါက်ကွဲသွားတာ။ သေဆုံးတဲ့ကလေးက အသက် ရှစ်နှစ်ပဲ ရှိသေးတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ကလေးဟာ မျက်နှာပွင့်ပျက်စီးကာ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ကာ သေဆုံးရတာဖြစ်ပြီး ကျန်ကလေးငယ်နှစ်ဦးလည်း ဦးခေါင်းဒဏ်ရာ၊ လက်၊ ခန္ဓာကိုယ်အနှံ့ ပေါက်ကွဲစ ထိမှန်တယ်လို့ ပြောပါတယ်။

ဖရူဆိုမြို့နယ် တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာနဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ ကျေးရွာတွေမှာ သူတို့ တပ်ဆုတ်သွားပြီးနောက် ဒေသခံတွေရဲ့ နေအိမ်ခြံဝန်းနဲ့ လမ်းချင်းဆက်နေရာတွေမှာ မြေမြှုပ်မိုင်း ထောင်ထားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013