Home
နိုင်ငံတကာ
ဗြိတိန်တွင် အငြိမ်းစား လစာကို နှစ်စဉ် တိုးမြှင့်ပေးမည်
DVB
·
March 25, 2024
FILE PHOTO: British Finance Minister Hunt leaves Downing Street in London

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ဂျယ်ရမီဟန့်ထ်က အခုနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မူဝါဒအစီအစဉ် တစိတ်တပိုင်းအနေနဲ့ နိုင်ငံတော်အငြိမ်းစားလစာ တိုးမြှင့်ပေးမယ့်  Triple lock စနစ်ကို  ကျင့်သုံးဖို့ ကတိပြုထားတယ်လို့ ပြောပါတယ်။

ပင်စင်လစာစနစ်တွေထဲက တခုဖြစ်တဲ့ Triple lock စနစ်ဆိုတာဟာ အငြိမ်းစားလစာတွေကို နှစ်စဉ်ဖြစ်ပေါ်တဲ့ ငွေကြေးဖောင်းပွမှုတွေ ဝင်ငွေတွေနဲ့အညီ အငြိမ်းစားလစာကို အမြင့်ဆုံးနှုန်းနဲ့ တွက်ချက်ပေးတဲ့ ဒါမှမဟုတ် နှစ်စဉ် ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်ပေးတဲ့စနစ်ပါ။

ကွန်ဆာဗေးတစ်ပါတီဝင်တွေရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ Triple lock စနစ် ရှိမရှိ မေးရာမှာ “ဟုတ်မယ်လို့ ကျနော် အတည်ပြုနိုင်ပါတယ်” လို့ ဟန့်ထ်က ဘီဘီစီရုပ်သံကို မတ် ၂၄ ရက်မှာ ပြောခဲ့ပါတယ်။

အငြိမ်းစားလစာတွေကို မြှင့်တင်ရေးဟာလည်း လက်ရှိအာဏာရအစိုးရရဲ့ ကတိတခုလည်း ဖြစ်ပါတယ်။

“၂၀၁၀ မှာ ကျနော်တို့အစိုးရ တက်လာတော့ ပင်စင်စားတွေက တခြား ဝင်ငွေအုပ်စုတွေထက် ပိုဆင်းရဲတယ်။ ကျနော်တို့ မိတ်ဆက်ပေးခဲ့တဲ့ Triple lock စနစ်က ဆင်းရဲတွင်းနက်ဖို့ အလားအလာ နည်းပါတယ်။ ပြီးတော့ ဒါက အရမ်းအရေးကြီးတဲ့ လူမှုရေး အပြောင်းအလဲတခုဖြစ်လို့ ဒါကို လေးစားဖို့ လိုပါတယ်” လို့ ဟန့်ထ်က ပြောပါတယ်။

ဒါဟာ စျေးကြီးတဲ့ ကတိကဝတ်တခုဖြစ်ပြီး အဲဒါအတွက် ပေးရမယ့် စီးပွားရေးတိုးတက်မှုကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ထားမှသာလျှင် ဒီကတိကဝတ်ကို တကယ်လုပ်နိုင်မယ်လို့လည်း ဟန့်ထ်က ပြောခဲ့ပါတယ်။

Source/Photo-REUTERS/Toby Melville

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013