Home
မြန်မာသတင်း
ဖမ်းဆီးထားသူကို သေစေခဲ့သည့် KNDF တပ်သား ၂ ဦးကို ထောင်ဒဏ် ချမှတ်
DVB
·
March 24, 2024
KNDFTrial_24032024
KNDFTrial 1_24032024
KNDFTrial 2_24032024

မသင်္ကာသူကို ဖမ်းထားတုန်းမှာ သေနတ်နဲ့ သေစေခဲ့တဲ့အတွက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင် ၂ ယောက်ကို ဒီနေ့ မတ် ၂၄ ရက်မှာ ထောင်ဒဏ် နှစ် ၂၀ နဲ့ ၁ လစီ ပြစ်ဒဏ်ချလိုက်တယ်လို့ KNDF ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက် ည ၁၁ နာရီဝန်းကျင်မှာ ပီကင်းကောခူရွာက အသက် ၂၇ နှစ်အရွယ် အရပ်သားတယောက်ကို ရပ်ရွာတွင်း မူးယစ်ရမ်းကားမှု စွဲချက်နဲ့ ဖမ်းဆီး ထိန်းသိမ်းထားတုန်း KNDF တပ်ဖွဲ့ဝင်တချို့က ပေးအပ်ထားတဲ့ လက်နက်ကို အသုံးပြုပြီး မလျော်ကန်တဲ့ ပစ်ခတ်မှုကနေ လူသေမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

KNDF အနေနဲ့ သစ္စာအဓိဋ္ဌာန် ၅ ချက်၊ နိုင်ငံရေး မူဝါဒကြေညာစာတမ်းနဲ့အညီ လိုက်နာကျင့်သုံး ရပ်တည်နေတာကြောင့် အဲဒီကိစ္စကို ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့က ကနဦး စုံစမ်းစစ်ဆေးခဲ့အပြီးမှာ ဖြစ်စဉ်အပေါ် စစ်ဘက်ဆိုင်ရာအက်ဥပဒေ ပုဒ်မ ၄၉ အရ ပထမအဆင့် ဗျူဟာစစ်ခုံရုံးနဲ့ စစ်ဆေးကြားနာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ပုဒ်မ ၄၈ အရ ဗဟိုစစ်တရားရုံးချုပ်ကို ဖွဲ့စည်းပြီး ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ ကျူးလွန်သူ KNDF တပ်သား ၂ ယောက်ကို စစ်အက်ဥပဒေ ပုဒ်မ ၂၂၊ ၃၀ အရ ထောင်ဒဏ် နှစ် ၂၀ နဲ့ ၁ လစီ ပြစ်ဒဏ်ခံယူဖို့ ဒီနေ့ စီရင်ချက်ချလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013