Home
မြန်မာသတင်း
ကန်ပက်လက်က လေဘေးသင့်ပြည်သူများ အကူအညီလိုအပ်နေ
DVB
·
March 24, 2024
KanPatLatAirVictims_24032024
KanPatLatAirVictims 1_24032024
KanPatLatAirVictims 3_24032024
KanPatLatAirVictims 4_24032024
KanPatLatAirVictims 5_24032024

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က လေဘေးသင့်ပြည်သူ ၂,၄၀၀ နီးပါး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

မတ် ၂၁ ရက်နေ့က ချင်းပြည်နယ်အတွင်း မိုးရွာပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ကန်ပက်လက်မြို့က ဘုရားကျောင်းအပါအဝင် အဆောက်အအုံ ၆၇၄ လုံးပျက်စီးခဲ့ပါတယ်။

လေဘေးသင့်ရွာခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နီးစပ်ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ စုဝေးနေထိုင်နေကြရတယ်လို့ သိရပါတယ်။

အဲဒီအိမ်ထောင်စုတွေ ပြန်လည်ထူထောင်ရေးအတွက် အိမ်ဆောက်ပစ္စည်းနဲ့ ငွေကြေးထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံက “မိုခါတုန်းကထက် ပိုဆိုးတယ်။ ၂၁ ရက်နေ့ညနေမှာ တိုက်သွားတာ။ ကူညီထောက်ပံ့မှုတွေ မလုပ်ပေးနိုင်သေးဘူး။ ကိုယ်ထူကိုယ်ထပဲ ပြုပြင်နေရတယ်” လို့ ပြောပါတယ်။

မတ် ၂၁ ရက်နေ့မှာ လေပြင်းတိုက်ခတ်လို့ မင်းတပ်မြို့နယ်မှာလည်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် အဆောက်အအုံ ၂၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013