ဒဏ်ရာသက်သာလာခြင်းမရှိတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို အင်္ဂလန်အသင်းက ဘိုင်ယန်မြူးနစ် အသင်းဆီ ပြန်လွှတ်ခဲ့ပါတယ်။
ကိန်းဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘရာဇီးကို ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။
ဘယ်လ်ဂျီယံနဲ့ ခြေစမ်းပွဲမှာ ပြန်လည်ကစားနိုင်ဖို့ မျှော်လင့်ခဲ့ပေမဲ့ ဒဏ်ရာသက်သာလာခြင်း မရှိတာကြောင့် မိခင်ကလပ်ဆီ ပြန်သွားခဲ့ရတာပါ။
ဟယ်ရီကိန်းကို မိခင်ကလပ်ဆီ ပြန်လွှတ်ခဲ့တာကို နည်းပြ ဆောက်ဂိတ်ကလည်း အတည်ပြုခဲ့ပြီး ဘယ်လ်ဂျီယံနဲ့ ပွဲစဉ်အတွက်လည်း ကြံ့ခိုင်မှု မပြည့်နိုင်တော့တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဟန်ဒါဆန်နဲ့ ကိုးလ်ပယ်လ်မာ တို့ကတော့ ဘယ်လ်ဂျီယံနဲ့ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ နည်းပြဆောက်ဂိတ်က အတည်ပြုသွားပါတယ်။
ဘိုင်ယန်ဟာ မတ် ၃၁ ရက်မှာ ဒေါ့မွန်နဲ့ ကစားရမှာဖြစ်ပြီး ဟယ်ရီကိန်းရဲ့ ဒဏ်ရာအခြေအနေကို စောင့်ကြည့်သွားရဖို့ ရှိပါတယ်။
Photo-REUTERS/Kai Pfaffenbach