မန်ယူအသင်းမှာ နည်းပြရှိနေလျက်နဲ့ အပြောင်းအရွှေ့ကိစ္စကို ဖြေကြားမှာ မဟုတ်ကြောင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောသွားပါတယ်။
မန်ယူအသင်းပိုင်ရှင်တွေမှာ လက်ရှိအသင်းနည်းပြတန်ဟတ်ရဲ့ နေရာမှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို ခေါ်ယူခန့်အပ်ဖို့ ဆန္ဒရှိကြောင်းသတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အင်္ဂလန်အသင်းရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သတင်း ထောက်တဦးက မေးမြန်းခဲ့တာပါ။
သူဟာ အင်္ဂလန်အသင်းနည်းပြတဦးဖြစ်လို့ ယူရိုပြိုင်ပွဲမှာ အကောင်းဆုံးဖြစ်ဖို့ပဲ အာရုံစိုက် ထားကြောင်း၊ နည်းပြရှိနေတဲ့ မန်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ မေးမြန်းမှုက လေးစားမှုမရှိတဲ့မေးခွန်းဖြစ်ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။
စနေနေ့မှာကစားမယ့် ဘရာဇီးနဲ့ ခြေစမ်းပွဲမှာ တိုက်စစ်မှူးဟယ်ရီကိန်းအပါအဝင် ဟန်ဒါဆန်၊ ပယ်လ်မာတို့ လွဲချော်မှာဖြစ်ပြီး ဆာကာကတော့ အစောကတည်းက အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။
Photo-Reuters