ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးနောက်ခံလူ အာနိုးလ်ကိုခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
အာနိုးလ်ဟာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့ပြီး နည်းပြယာဂန်ကလော့ပ် ထွက်ခွာချိန်မှာ အနာဂတ်နဲ့ ပတ်သက်လို့ အပြောင်းအလဲတခုဖြစ်လာနိုင်တယ်လို့ ရီးရဲလ် အသင်းက မျှော်လင့်နေတာပါ။
ရီးရဲလ်အသင်းဟာ ညာနောက်ခံလူအားနိုးလ်ကို အမှန်တကယ်ခေါ်ယူဖို့ စောင့်ကြည့်နေပြီး လီဗာပူးအသင်းဘက်ကတော့ ရောင်းချနိုင်တဲ့ အရိပ်အယောင်မရှိနိုင်ကြောင်း အပြောင်းရွှေ့ကျွမ်းကျင်သူ ဂျာနယ်လစ် ဖာလရီဇီယိုရိုမန်နိုက ဖော်ပြသွားပါတယ်။
အာနိုးလ်ဟာ ၂၀၂၅ ခုနှစ်မှာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီးလက်ရှိအချိန်အထိ သက်တမ်းတိုးဖို့ကိစ္စ ဆွေးနွေးရခြင်းမရှိသေးဘူးလို့သိရပါတယ်။
Photo-Reuters