ဘရာဇီးနဲ့ ခြေစမ်းပွဲစဉ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းမပါဝင်နိုင်တာက တခြားတိုက်စစ်မှူးတွေ အတွက် အခွင့်အရေးကောင်းဖြစ်ကြောင်း အင်္ဂလန်နည်းပြဆောက်ဂိတ်က ပြောသွားပါတယ်။
ဘရာဇီးနဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်အတွက် ဂိုးအများဆုံးသွင်းယူထားတဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်း မပါဝင်နိုင်တာကြောင့် ဗီလာတိုက်စစ်မှူး ဝက်ကင်စ်နဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေးတို့အတွက် ပွဲထွက်ခွင့် ရရှိလာနိုင်ပါတယ်။
ဗီလာတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာ ၁၆ ဂိုးသွင်း ၁၀ကြိမ် ဂိုးဖန်တီးပေးထားသူဖြစ်ပြီး တိုနေးဟာလည်း ပွဲပယ်ပြစ်ဒဏ်ကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် ၄ ဂိုး သွင်းယူထားပါတယ်။
တိုက်စစ်မှူးနှစ်ဦးစလုံးက အလွန်ကောင်းမွန်တဲ့ သူတွေဖြစ်ပြီး ကိန်းမပါဝင်နိုင်တာက သူတို့အတွက် အခွင့်အရေးဖြစ်လာမယ်ဆိုတာလည်း သိရှိနားလည် ထားကြောင်း နည်းပြဆောက်ဂိတ်က ပြောသွားပါတယ်။
ဟယ်ရီကိန်းဟာ ဘရာဇီးနဲ့ပွဲအပြင် ဘယ်လ်ဂျီယံနဲ့ ခြေစမ်းပွဲကိုပါ လွဲချော်နိုင်တယ်လို့ ဆောက်ဂိတ်က ပြောသွားပါတယ်။
Photo-Reuters