ယူကရိန်းရဲ့ မဟာမိတ်တွေဟာ ရုရှားတပ်တွေကို ချေမှုန်းနိုင်စွမ်းနဲ့ ပတ်သက်ပြီး အလွန်တရာ အဆိုးမမြင်သင့်ကြောင်း NATO စစ်ဘက်ဆိုင်ရာကော်မတီ အကြီးအကဲ ရော့ဘ် ဘောင်းဝါးက မတ် ၂၁ ရက်က ကိယက်ဗ်ကို လာရောက်ခဲ့တဲ့ ခရီးစဉ်မှာ ပြောလိုက်ပြီး အရေးကြီးတဲ့ အကူအညီတွေကို အမြန်ပေးပို့ဖို့လည်း တောင်းဆိုပါတယ်။
ဒီခရီးစဉ်ဟာ ရုရှားက တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဘက်စုံကျူးကျော်မှုနဲ့ ယူကရိန်းကို စေလွှတ်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဘောင်းဝါး ဦးဆောင်တဲ့ NATO စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ရဲ့ ကိယက်ဗ်ကို ပထမဆုံး တရားဝင်ခရီးစဉ်ဖြစ်ပြီး သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ကိယက်ဗ်ရဲ့တပ်ဖွဲ့တွေဟာ ခဲယမ်းမီးကျောက်နဲ့ လူအင်အား ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ရုရှားတပ်တွေ တလှမ်းချင်း ရှေ့တိုး ချီတက်လာတဲ့ အရှေ့ဘက်မှာ ယူကရိန်းတပ်ဖွဲ့တွေဟာ ခြိမ်းခြောက်ခံနေရတဲ့ အနေအထား ဖြစ်နေတာပါ။
NATO စစ်ရေးကော်မတီ အကြီးအကဲ ဘောင်းဝါးဟာ ယူကရိန်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် အိုလက်ဆန်ဒါ ဆီရ်စကီနဲ့လည်း တွေ့ဆုံခဲ့ပြီး လက်ရှိ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဆီရ်စကီဟာ ခဲယမ်းမီးကျောက် အထောက်အပံ့နဲ့ လေကြောင်းရန်ကာကွယ်ရေး အကြောင်းတွေကို ဆွေးနွေးခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်မှာ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters