ယုံကြည်မှုပေးတဲ့ နည်းပြ ဆောက်ဂိတ်ကို ကျေးဇူးတင်ရှိကြောင်း နောက်ခံလူ မက်ဂွဲယားက ပြောသွားပါတယ်။
မန်ယူနောက်ခံလူဟာ ခြေစွမ်းပိုင်းဆိုင်ရာအရ အင်္ဂလန်အသင်း လူစာရင်းမှာ ရွေးချယ်မခံရသင့်ကြောင်း ဝေဖန်သူတွေက မှတ်ချက်ပေးကြတာပါ။
အဲဒီအပေါ် မက်ဂွဲယား ကိုယ်တိုင်လည်း သိရှိနားလည်ထားပြီး သူ့အပေါ် ယုံကြည်မှုနဲ့ သစ္စာတရား ထားရှိပေးတဲ့ နည်းပြ ဆောက်ဂိတ်ကို ကျေးဇူးတင်စကား ဆိုခဲ့တာပါ။
လူတိုင်းမှာ ကွဲပြားတဲ့အမြင်ရှိတာကို နားလည်ပြီး လက်ရွေးစင်အသင်း လူစာရင်းမှာ အမြဲတမ်း ပါဝင်ခွင့်ရခဲ့တာက ယုံကြည်မှုတိုးတက်လာစေခဲ့တယ်လို့လည်း မက်ဂွဲယားက ပြောပါတယ်။
မက်ဂွဲယားဟာ ၂၀၁၇ ခုနှစ်ကစတင်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရသူ ဖြစ်ပြီး လက်ရှိအချိန်အထိ စုစုပေါင်း ၆၂ ပွဲ ကစားခဲ့ပြီး ဖြစ်ပါတယ်။
Photo-Reuters