Home
အားကစား
နည်းပြ အလွန်ဆိုကို ခေါ်ယူရန် ကြိုးပမ်းနေဟု ဘိုင်ယန်ဥက္ကဋ္ဌဟောင်း အတည်ပြု
DVB
·
March 22, 2024

လီဗာကူဆင်အသင်းနည်းပြ အလွန်ဆိုကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌဟောင်း အူလီဟိုးနက်စ်က အတည်ပြုသွားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအသင်းနည်းပြ သောမတ်စ်တူဟယ်နဲ့ ရာသီကုန်ဆုံးချိန်မှာ လမ်းခွဲမှာဖြစ်ပြီး နည်းပြသစ်တဦး ခေါ်ယူခန့်အပ်သွားမှာပါ။

လီဗာကူဆင်အသင်းကို ဘွန်ဒက်စ်လီဂါ နံပါတ်တစ်နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ထားတဲ့ နည်းပြ အလွန်ဆိုဟာ ဘိုင်ယန်အသင်းရဲ့ နံပါတ်တစ်ပစ်မှတ် ဖြစ်လာခဲ့တာပါ။

အလွန်ဆိုဟာ ထိပ်တန်းနည်းပြတဦး ဖြစ်လာမယ်ဆိုတာကို သက်သေပြသထားနိုင်တာကြောင့် ဘိုင်ယန်မြူးနစ်အသင်း အပါအဝင် လီဗာပူး၊ ရီးရဲလ်မက်ဒရစ်အသင်းတို့က ခေါ်ယူဖို့ ကြိုးပမ်းနေကြတာဖြစ်ကြောင်း အသင်းဥက္ကဋ္ဌဟောင်း အူလီဟိုးနက်စ်က ပြောသွားပါတယ်။

အလွန်ဆိုဟာ လီဗာကူဆင်နဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ ရာသီကုန်ဆုံးချိန်မှာ အသင်းပြောင်းဖို့ ရှိနေပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024