ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဆူဘီယန်တို အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို စိန်ခေါ်ဖို့အတွက် အင်ဒိုနီးရှားသမ္မတလောင်း ကိုယ်စားလှယ် အာနီးစ် ဘက်ဆွေဒန်က မတ် ၂၁ ရက်မှာ ဥပဒေအရ တရားစွဲဆိုလိုက်ပါတယ်။
အဓိက ရွေးကောက်ပွဲနယ်မြေတွေမှာ ဆန်၊ ဓာတ်မြေသြဇာနဲ့ ငွေသားတွေလို လူမှုရေး အကူအညီတွေကို ကျယ်ကျယ်ပြန့်ပြန့် ခွဲဝေပေးတာတွေဟာ ဆန္ဒမဲပေးတာကို လွှမ်းမိုးတဲ့ လုပ်ရပ်တွေဖြစ်ကြောင်း အာနီးစ်ရဲ့အဖွဲ့က တိုင်ကြားထားပေမဲ့ အုပ်ချုပ်ရေးပိုင်းကတော့ တိုင်ကြားချက်ကို ပယ်ချခဲ့ပါတယ်။
အာနီးစ်နဲ့ သူအဖွဲ့ဟာ မနှစ်တုန်းက ရွေးကောက်ပွဲစည်းမျဉ်းတွေကို ပြောင်းလဲပစ်လိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးရဲ့ နောက်ဆုံးမိနစ် ဆုံးဖြတ်ချက်ကိုလည်း ဝေဖန်ခဲ့ပါတယ်။
ဒီလုပ်ရပ်ကြောင့် အခုနှစ် ရွေးကောက်ပွဲမှာ သမ္မတရဲ့သားဟာ ပရာဘိုဝိုနဲ့အတူ ယှဉ်ပြိုင်ဖက် ဖြစ်လာခဲ့တာပါ။
တရားဝင်ရလဒ်တွေအရ ပရာဘိုဝိုဟာ ဆန္ဒမဲပေါင်း ၆၀ ရာခိုင်နှုန်းနီးပါးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး သူ့ကို လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒိုက တိတ်တဆိတ် ကျောထောက်နောက်ခံ ပေးထားတာဖြစ်ပါတယ်။
အာနီးစ်က ၂၅ ရာခိုင်နှုန်းနဲ့ ဗဟို ဂျာဗားအုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာ ပရာနိုဝိုက ၁၆ ရာခိုင်နှုန်း အသီးသီး ရရှိထားပါတယ်။
Source/Photo- REUTERS/Ajeng Dinar Ulfiana