Home
နိုင်ငံတကာ
ပါကစ္စတန်တွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲပြီး မိုင်းလုပ်သား ၁၂ ဦး သေဆုံး
DVB
·
March 21, 2024
PakistanCoalMine_21032024

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလူချီစတန်ပြည်နယ် ဟာနိုင်းခရိုင်ထဲက ကျောက်မီးသွေးတွင်းတခုမှာ ပေါက်ကွဲမှုကြောင့် မိုင်းလုပ်သား ၁၂ ဦး သေဆုံးပြီး ရှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက မတ် ၂၀ ရက်မှာ ပြောပါတယ်။

ခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (PDMA) က ပံ့ပိုးပေးထားတဲ့ ဗီဒီယိုထဲမှာ မတော်တဆမှု ဖြစ်ခဲ့တဲ့ ဟာနိုင်းခရိုင် ဆေးရုံအပြင်ဘက်မှာ လူတွေနဲ့ လူနာတင်ယာဉ်တွေကို တွေ့ရပါတယ်။

PDMA က ကယ်ဆယ်ရေးဒါရိုက်တာ အဗ်ဒူဂါနီ ဘာလို့ချ်က ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရုပ်အလောင်း ၁၂ လောင်းကို ပြန်တွေ့ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ဆေးရုံပို့ထားတယ်လို့ ပြောပါတယ်။

ညအချိန်မှာ မီသိန်းဓာတ်ငွေ့ ပေါက်ကွဲချိန် မိုင်းထဲမှာ မိုင်းတွင်းလုပ်သား အယောက် ၂၀ ရှိနေခဲ့တယ်လို့ ခရိုင် မိုင်းစစ်ဆေးရေးမှူးက ပြောပါတယ်။

အာဖဂန်နယ်စပ်နားက ပါကစ္စတန်နိုင်ငံ အနောက်ဘက်ခြမ်းမှာ ကျောက်မီးသွေးသိုက်တွေ တွေ့ရပြီး မိုင်းမတော်တဆမှုတွေဟာ အဓိကအားဖြင့် ဓာတ်ငွေ့တွေ စုဝေးရာက ဖြစ်လာတာပါ။

ဘေးအန္တရာယ်ကင်းရှင်းရေး အသုံးအဆောင်တွေ မရှိတာနဲ့ လုပ်ငန်းခွင်အခြေအနေ ညံ့ဖျင်းတာတွေက မတော်တဆမှုတွေ မကြာမကြာဖြစ်ရတဲ့ အဓိက အကြောင်းရင်းပဲဆိုတာ မိုင်းလုပ်သားတွေက မကျေမနပ် ပြောနေကြတယ်လို့ အလုပ်သမားသမဂ္ဂ တာဝန်ရှိသူတွေက အရင်တည်းက ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013