Home
မြန်မာသတင်း
ကြံခင်းမြို့၌ စစ်မှုထမ်းဥပဒေအား ဝေဖန်ခဲ့သည့် အမျိုးသား ၁ ဦး ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံး
DVB
·
March 21, 2024
kyan 2132024

ဧရာဝတီတိုင်း၊ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်အတွင်း စစ်မှုထမ်းဥပဒေအား ဝေဖန်ခဲ့တဲ့ အမျိုးသားတယောက် ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာမှာပဲ သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မတ် ၂၀ ရက်နေ့ မနက် ၉ လောက်မှာ ရပ်ကျေးအဖွဲ့ဝင်တွေက ရပ်ကွက်အတွင်း စစ်မှူထမ်းရမယ့် စာရင်းစာရွက်တွေ ပို့ဆောင်ချိန် စစ်မှုထမ်းရမယ့် လူငယ်တဦးရဲ့ ဖခင်က စစ်မှုထမ်းဥပဒေကို ဝေဖန်ခဲ့တဲ့အတွက် ချက်ချင်းဖမ်းဆီးပြီး စစ်ကြောရေးပို့ခဲ့တာလို့ ဆိုပါတယ်။

မြို့ခံတဦးက “သူ့သားလည်း အခုစာရင်းမှာပါတော့ သူကပြောတာပေါ့ မဲနှိုက်ရမှာလား ငါတို့အိမ်မှာက လူငယ် သုံးယောက်လောက်ရှိတော့ တယောက်ကပဲ မဲနှိုက်ရမှာ မဟုတ်ဘူးလား။ သူသိထားသလောက်ကို ပြောတာပေါ့ဗျာ။ အဲ့ဒါကို အဖွဲ့ထဲကကောင်က စစ်တပ်ကိုဖုန်းဆက်ပြီး တိုင်လိုက်တာ" လို့ DVB ကို ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရသူ ဦးသန်းထွန်းအေး အသက် (၅၅) နှစ်ဟာ စစ်ကြောရေးမှာ ရိုက်နှက်ခံရမှုကြောင့် နံရိုးတွေကျိုးကျေပြီး နှလုံးနဲ့အစာအိမ်တို့ကို ထိုးမိသေဆုံးခဲ့တာလို့ သိရပါတယ်။

ဦးသန်းထွန်းအေးကို ဖမ်းဆီးပြီးနောက် နာရီပိုင်းအတွင်းမှာပဲ ကြံခင်းမြို့မရဲစခန်းမှာ ရိုက်နှက်‌နှိပ်စက်ခဲ့တဲ့အတွက် သေဆုံးခဲ့တာဖြစ်ပြီး မတ် ၂၁ ရက် နေ့လယ် ၁ နာရီမှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013