Home
နိုင်ငံတကာ
ယူကရိန်းဒရုန်း ၄၀၀ ကျော်နှင့် ဒုံးပျံ ၆၇ စင်းကို ပစ်ချခဲ့ဟု ရုရှားပြော
DVB
·
March 21, 2024
Russian defence minister announces formation of new armies and divisions

ရုရှားတပ်ဖွဲ့တွေဟာ သမ္မတရွေးကောက်ပွဲအတွင်း ယူကရိန်းဒရုန်း ၄၁၉ စင်းနဲ့ ဒုံးပျံ ၆၇ စင်းတို့ကို ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီလ် ရွှိုင်ဂူက မတ် ၂၀ ရက်မှာလုပ်တဲ့ ဝန်ကြီးဌာန အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

လက်ရှိ နှစ်ကုန်ပိုင်းမှာ ရုရှားစစ်တပ်အင်အား တိုးချဲ့မယ်လို့လည်း သူက ကြေညာခဲ့ပါတယ်။

“တပ်မတော်တပ်ဖွဲ့တွေ၊ မော်တော်ယာဉ် ရိုင်ဖယ်တပ်ခွဲ၊ ဒနစ်ပရို မြစ်ရေယာဉ်စုနဲ့ မြစ်တွင်းမောင်း သင်္ဘောစု တပ်မဟာတို့ကို မကြာသေးမီက ဖွဲ့စည်းခဲ့တယ်။ နှစ်ကုန်အထိ ဖွဲ့စည်းဖို့လည်း စီစဉ်ထားတယ်။ တပ်မ ၁၄ နဲ့ တပ်မဟာ ၁၆ အပါအဝင် ပူးပေါင်း လက်နက်တပ်ဖွဲ့နှစ်ရပ်နဲ့ တပ်ဖွဲ့ ၃၀ တို့လည်း ပါဝင်ဖွဲ့စည်းမယ်။ ရုရှားတပ်မတော်ရဲ့ တိုက်ခိုက်ရေးဖွဲ့စည်းပုံနဲ့ ကိန်းဂဏန်းအင်အား တိုးတက်မှုကို နိုင်ငံရဲ့ လုံခြုံရေးအတွက် ပေါ်လာတဲ့ ခြိမ်းခြောက်မှုတွေကို လုံလောက်အောင် ဆက်လုပ်သွားမယ်” လို့ ရုရှားဝန်ကြီးက ပြောပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013