Home
နိုင်ငံတကာ
စလိုဗက်ကီးယားတွင် ဝက်ဝံတိုက်ခိုက်ခံရပြီး လူ ၅ ဦး ဒဏ်ရာရ
DVB
·
March 20, 2024
Slovak bear attack_20032024

အလယ်ဥရောပဒေသ စလိုဗက်ကီးယားနိုင်ငံက လစ်ပိုစကီ မီကူးလပ်စ်မြို့မှာ ဝက်ဝံတကောင်က လူငါးဦးကို တိုက်ခိုက်ခဲ့အပြီး ခြိမ်းခြောက်မှုကို ဖြေရှင်းလိုက်ပြီလို့ မြို့တော်ဝန်က မတ် ၁၉ ရက်မှာ ပြောပါတယ်။

ဝက်ဝံဟာ တောထဲကို ပြန်မဝင်ခင် မြို့လယ်ကောင်မှာ လူတွေကို တိုက်ခိုက်ခဲ့လို့ လူငါးဦး ဒဏ်ရာရခဲ့တာပါ။

ဝက်ဝံတွေ မြို့ပြင်က ကန့်သတ်နယ်မြေနဲ့ မြို့ထဲကိုဝင်လာရင် နှိမ်နင်းခွင့်ပြုတဲ့ ဥပဒေမူကြမ်းကို နိုင်ငံထဲမှာ အကောင်အထည်ဖော်မယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန ဒုဝန်ကြီးက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။

မတ် ၁၅ ရက်ကလည်း အနားက လိုတာထရာတောင်တန်းဒေသမှာ အလားတူ ဝက်ဝံတိုက်ခိုက်တာ ခံရလို့ လွတ်အောင်ထွက်ပြေးဖို့ ကြိုးစားရင်း အသက် ၃၁ နှစ်အရွယ် ဘယ်လာရုစ်နိုင်ငံသူတဦး သေဆုံးခဲ့တယ်လို့ ဒေသခံမီဒီယာက ပြောပါတယ်။

တနင်္ဂနွေနေ့မှာပဲ အာဏာပိုင်တွေက အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဝက်ဝံကို တောထဲ ပြန်မောင်းထုတ်နိုင်ခဲ့ပြီလို့ ဒေသခံ မီဒီယာတွေက မတ် ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013