ရုရှားနိုင်ငံ အားမြုဒေသရှိ ရွှေတွင်းတခုမှာ ကျောက်တုံးပြိုကျမှုကြောင့် မိုင်းလုပ်သား ၁၃ ဦး ပိတ်မိခဲ့ကြောင်း ရုရှားနိုင်ငံအရေးပေါ်အခြေအနေဆိုင်ရာ ဝန်ကြီးဌာနက မတ် ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဆက်သွယ်ရေးတွေ ပြန်ကောင်းအောင် လုပ်ဆောင်နေပြီး အသွားအလာလမ်းကြောင်းက ကုန်းစောင်းလျှောတွေကိုလည်း စက်ယန္တရားတွေနဲ့ ရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ ဝန်ကြီးဌာနက တယ်လီဂရမ်မှာ ပြောပါတယ်။
ဒီမတော်တဆမှုဟာ ရုရှားနိုင်ငံရဲ့ အကြီးဆုံးရွှေတွင်းတွေထဲမှာ ထုတ်လုပ်မှုစွမ်းရည် အများဆုံးဖြစ်တဲ့ ပိုင်အိုးနီးယားရွှေတွင်းမှာ ဖြစ်ပွားခဲ့တာလို့ ရုရှားမီဒီယာက ဖော်ပြပါတယ်။
ဒီရွှေမိုင်းတွင်းဟာ တောင်ဘက်မှာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အရှေ့ဆိုက်ဘေးရီးယား အားမြုဒေသမှာ တည်ရှိပါတယ်။
ဒီသတ္တုတွင်းကို လန်ဒန်စာရင်းဝင် ရုရှားရွှေတူးဖော်သူ ပက်ထရို ပဗ်လော့ဗ်စ်ခ်က ပိုင်ဆိုင်ထားပြီး သူ့ရဲ့ အဓိက ငွေထုတ်ချေးသူနဲ့ တဦးတည်းပိုင် ရွှေတွင်းဝယ်သူဖြစ်တဲ့ ဂက်စ်ပရွမ်ဘဏ်ကိုတော့ ၂၀၂၂ ခုနှစ်မှာ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့တာကြောင့် ကြွေးမြီတွေကို ပြန်ဆပ်ဖို့ ရုန်းကန်နေရပါတယ်။
Source/Photo-Reuters