Home
နိုင်ငံတကာ
ယူကရိန်းကို ကူညီမည်ဖြစ်သော်လည်း အမေရိကန်ပြည်သူ့လိုအပ်ချက် ဦးစားပေးမည်
DVB
·
March 19, 2024
Senator Graham_19032024

ယူကရိန်းနိုင်ငံရဲ့ မြို့တော်ကိယက်ဗ်ကို အလည်အပတ်ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်က အမေရိကန်ဟာ ယူကရိန်းကို ကူညီမယ်လို့ ပြောခဲ့ပေမဲ့ အမေရိကန်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဦးစားပေးလုပ်ဖို့ လိုအပ်တယ်လို့ မတ် ၁၈ ရက်မှာ ပြောလိုက်ပါတယ်။

ဂရေဟမ်က “ကျနော်တို့က ခင်ဗျားကို ကူညီမှာပါ။ ဒါပေမဲ့ အမေရိကန် အခွန်ထမ်းနဲ့ အမေရိကန် ပြည်သူတွေမှာလည်း လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာ နားလည်ရမယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဂရေဟမ်ရဲ့ ဇာတိပြည်နယ် တောင်ကာရိုလိုင်းနားက မဲဆန္ဒရှင်တွေက နယ်စပ်အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်၊ “ကျွန်ုပ်တို့ပြည်တွင်းမှာ နယ်စပ်ကျိုးပဲ့ထားပါတယ်” လို့လည်း သူက ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးဟာ ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အဓိက အကြောင်းအရာ ဖြစ်လာပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒီမိုကရက်တစ်တွေအပေါ် အားနည်းချက် လက်နက်အဖြစ် ရီပတ်ဘလီကန်တွေက အညှာကိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ အကြောင်းအရာတရပ် ဖြစ်လာပါတယ်။

ဒီမိုကရက်တစ်ပါတီဝင်တဦးဖြစ်တဲ့ ဘိုင်ဒင်ဟာ ၂၀၂၂ ခုနှစ်မှာ ရုရှားရဲ့ အကြီးစားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းကို စစ်ရေးအကူအညီ ကျောထောက်နောက်ခံ ပြုထားပါတယ်။

နိုဝင်ဘာ ၅ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ကတော့ ပိုပြီး အထီးကျန်ဆန်တဲ့ ရပ်တည်ချက် ရှိနေတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013