စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သက္ကယ်ကျင်းကျေးရွာကို စစ်ကောင်စီတပ်က မတ် ၁၄ ရက်မှာ ဝင်ရောက်စီးနင်းမီးရှို့ပြီး ဒေသခံ ၆၀ ကျော်ကိုလည်း ဖမ်းဆီးသွားခဲ့ပြီး မတ် ၁၉ ရက် ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ကျေးရွာနေဒေသခံတွေဆီက သိရပါတယ်။
မတ် ၁၄ ရက်မှာ သက္ကယ်ကျင်းကျေးရွာ ဒေသခံ ၆၀ ကျော်ကို စစ်ကောင်စီတပ်က ကားနဲ့တင် ဖမ်းဆီးသွားခဲ့ပြီး ပြန်မလွှတ်ပေးသေးဘူးလို့ ကျေးရွာတာဝန်ခံတဦးက ပြောပါတယ်။
"ဖမ်းသွားတဲ့သူတွေကိုတော့ အခုထိ ပြန်မလွှတ်သေးပါဘူး။ ကျေးရွာကလူတွေက လိုက်မေးတော့ သူတို့ စစ်ဆေးပြီး အပြစ်မဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးမယ်၊ သံသယရှိသူတွေကိုတော့ ထပ် စစ်ဆေးဦးမယ်ပြောတယ်။"
စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့သူတွေထဲမှာ အသက် ၅ လအရွယ် ကလေးရဲ့ နို့တိုက် မိခင်ပါသွားပြီး တခြား နို့တိုက်မိခင်တွေနဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေပါ သွားခဲ့တယ်လို့ သိရပါတယ်။
သက္ကယ်ကျင်းရွာကို စစ်တပ်က မတ် ၁၄ ရက်မှာ မီးရှို့တာကြောင့် နေအိမ် ၄၈၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးဘေးသင့်မိသားစုတွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူညီအရေးပေါ် လိုအပ်နေပါတယ်။
မုံရွာသက္ကယ်ကျင်းရွာက ဖမ်းဆီးခံထားရသူ ၆၀ ကျော်ကို စစ်တပ် ပြန်မလွှတ်ပေးသေး
DVB