Home
နိုင်ငံတကာ
မြောက်ကိုရီးယားက ရုရှားကို လက်နက်ထောက်ပံ့မှုအပေါ် ဂျပန် ရှုတ်ချ
DVB
·
March 19, 2024
'DPRK-made ballistic missile launched to Ukraine by Russia is absolutely unacceptable' - Japanese FM

ဂျပန်နိုင်ငံဟာ “နျူးကလီးယားလက်နက် ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေး” ဆိုင်ရာ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် မတ် ၁၈ ရက်မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမိကာဝါက မြောက်ကိုရီးယားက ရုရှားကို လက်နက်တွေ ထောက်ပံ့မှုအပေါ် ရှုတ်ချခဲ့ပါတယ်။

ယိုကို ကာမိကာဝါက “မြောက်ကိုရီးယားက မနေ့က ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်လိုက်မှုကို လုံခြုံရေးကောင်စီမှာ အလွန်ကို ပြင်းပြင်းထန်ထန် အသုံးအနှုန်းနဲ့ ရှုတ်ချလိုက်ပါတယ်။ လုံခြုံရေးကောင်စီက တားမြစ်ထားတဲ့ကြားက မြောက်ကိုရီးယားက ရုရှားကို လက်နက်တွေ ပေးပို့ခြင်းကိုလည်း ရှုတ်ချပါတယ်။ အထူးသဖြင့် ရုရှားက မြောက်ကိုရီးယားလုပ် ပဲ့ထိန်းဒုံးကျည်ကို ယူကရိန်းဆီ ပစ်လွှတ်လိုက်တဲ့အချက်ကို လုံးဝလက်မခံနိုင်ပါဘူး” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ နျူးကလီးယား ဗုံးကြဲခံရမှုရဲ့ တခုတည်းသော သားကောင်ဖြစ်ခဲ့ရပြီး ရုရှားရဲ့ ခြိမ်းခြောက်မှုနဲ့ နျူလက်နက် အသုံးပြုမှုဟာ မဖြစ်သင့်တဲ့ကိစ္စပါလို့လည်း ကာမိကာဝါက ပြောပါတယ်။

ဒါ့အပြင် ရုရှားနဲ့ မြောက်ကိုရီးယားကြား မဟာဗျူဟာနဲ့ နည်းဗျူဟာ ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်း မတည်မငြိမ်ဖြစ်စေမယ့် မြောက်ကိုရီးယားကို နျူးကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် နည်းပညာတွေ လွှဲပြောင်းပေးမယ့် ဖြစ်လာနိုင်ခြေကိုလည်း စိုးရိမ်မိကြောင်း ပြောပါတယ်။

ဒါကြောင့် ဂျပန်အနေနဲ့ အမေရိကန်နဲ့ ကိုရီးယားသမ္မတနိုင်ငံတို့ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကာမိကာဝါက ပြောသွားပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ နျူးကလီးယားလက်နက်နိုင်ငံတွေနဲ့ နျူးကလီးယားလက်နက် မပိုင်ဆိုင်ထားတဲ့နိုင်ငံ နှစ်မျိုးလုံး ပါဝင်နေတဲ့ ဒေသဖြတ်ကျော်အဖွဲ့ဖြစ်တဲ့ FMCT မိတ်ဆွေများအဖွဲ့ကို တည်ထောင်လိုက်ကြောင်းလည်း ကြေညာသွားပြီး အဲဒီအဖွဲ့မှာ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ နိုင်ဂျီးရီးယား၊ ဖိလစ်ပိုင်၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ကြပါတယ်။

အဲဒီအဖွဲ့ဟာ နျူးကလီးယားလက်နက် မပါဝင်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ လူငယ်ခေါင်းဆောင် ရန်ပုံငွေအစီအစဉ်နဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီတို့ကို သွားရောက်ကြဖို့ တိုက်တွန်းခြင်းအားဖြင့် အနာဂတ်အတွက် အဓိကသော့ချက်ကို ကိုင်ဆောင်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ လူငယ်ကွန်ရက်ကို ဆက်လက် တည်ဆောက်သွားမယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမိကာဝါက ပြောပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013