Home
မြန်မာသတင်း
စစ်ကောင်စီတပ်သား ၁ ဦး ပခုက္ကူ PDF ထံ လက်နက်ဖြင့် အလင်းဝင်
DVB
·
March 19, 2024
pdf 1932024

တပ်မ ၁၀၁ လက်အောက်ခံ မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် အမှတ် ၂၅၆ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်သားအဆင့်တဦး ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Pakokku People Defense Force (PPDF) ဆီကို လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့ပါတယ်။

မတ် ၁၇ ရက်က အသက် ၂၁ နှစ်အရွယ် တပ်သားတဦး စစ်ကောင်စီတပ်ဖွဲ့သုံး MA-1 သေနတ်တလက်၊ ၅.၅၆ ကျည် ၃၅ တောင့်ဝင် ကျည်အိမ်သုံးခုတို့နဲ့ အလင်းဝင်ရောက်လာခဲ့တာဖြစ်ပြီး နာမည်နဲ့ တခြားအချက်အလက်တွေကိုတော့ လုံခြုံရေးအရ ဖော်ပြလို့မရသေးဘူးလို့ PPDF တာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။

“အသက်က ၂၁ နှစ်ပါ။ ၂၅၆ ရေစကြိုကပါဗျ။ ဆုငွေချီးမြှင့်ပြီး လွတ်မြောက်တဲ့နေရာ ပို့ဆောင်ထားပါတယ်ဗျ။ နာမည်နဲ့ တခြားအချက်အလက်တွေကိုတော့ ပြောလို့မရသေးဘူး။ ကျန်ရှိနေသေးတဲ့ တပ်ဖွဲ့ဝင်တွေလည်း အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြပါ။”

အဆိုပါ လက်နက်နဲ့ အလင်းဝင်ရောက်လာသူကို တပ်ဖွဲ့ဘက်က ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ထားပြီး လွတ်မြောက်နယ်မြေတခုကို ပို့ဆောင်ပေးနေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အာဏာသိမ်းယူပြီးကတည်းက လက်ရှိအချိန်ထိ အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်ဖွဲ့နဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ၁၄,၀၀၀ ခန့် ရှိပြီလို့ ပြည်သူ့ရင်ခွင်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013