Home
နိုင်ငံတကာ
ထိုင်းနိုင်ငံ ၅၂ ခရိုင်တွင် အပူပိုင်းမုန်တိုင်း သတိပေးချက် ထုတ်ပြန် 
DVB
·
March 19, 2024
Thai world 1932024

ထိုင်းနိုင်ငံမှာ မတ် ၁၉ နဲ့ ၂၀ နေ့ရက်တွေအတွင်း အပူပိုင်းမုန်တိုင်းကျပြီး မိုးသက်လေပြင်းတိုက်၊ မိုးသီးကြွေ၊ လျှပ်စီးလျှပ်တာတွေ ဖြစ်ပေါ်နိုင်မယ်လို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက  မတ် ၁၈ ရက် ညနေ ၆ နာရီမှာ ထုတ်ပြန်ထားပါတယ်။ 

ဒါကြောင့် သစ်ပင်ကြီးတွေနဲ့ မခိုင်ခံ့တဲ့ အဆောက်အဦအောက်၊ မခိုင်ခံ့တဲ့ ကြော်ငြာဆိုင်း ဘုတ်အောက်တွေမှ ရှောင်ရှားဖို့၊ လယ်ယာစိုက်သီးနှံတွေ မိုးမမိအောင်ဂရုစိုက်ဖို့၊ မွေးမြုရေး တိရစ္ဆာန်တွေ လေပြင်းတိုက်ခြင်းမှကာကွယ်ဖို့ သတိပေးထားပါတယ်။

အခုလိုဖြစ်ရတာဟာ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ပူပြင်းပြီး တောင်တရုတ် ပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့က အအေးလှိုင်းတွေ ရိုက်ခတ်လာရာမှာ အပူနဲ့အအေး ရုတ်တရက်တွေ့ပြီး မုန်တိုင်းတွေဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။ 

မတ် ၁၉ ရက်နေ့မှာ မိုးသက်လေပြင်းတိုက်ခတ်နိုင်ဖွယ်ခရိုင် ၅၂ ခုရှိကြောင်း၊ အဆိုပါခရိုင်တွေမှာ ထိုင်းမြောက်ပိုင်း ချင်းရိုင်း၊ လမ်းပွန်း၊ လမ်းပန်း၊ ဖယောင်း၊ နန့်၊ ဖရဲ့၊ ဆုခိုထိုင်း၊ ကမ်ဖိုင်ဖစ်၊ ဗိစနုလုတ်၊ ဖိကျစ်၊ ဖစ်ချဘွန်း၊ ဥတ္တရဒစ် အစရှိတဲ့  ၁၂  ခရိုင်။ ထိုင်းအရှေ့မြောက်မှာ လွေး၊ နောင်ခိုင်း၊ ဘင်ကန်၊ နောင်ဘိုလမ်ဖူး၊ ဥဒွန်းဌာနီ၊ စကွန်းနခွန်း၊ နခွန်းဖနုံ၊ ချိုင်းယဖုမ်း၊ ခွန်ကဲန်၊ ကာလာဆင်၊ မုဒ်တာဟန်၊ မဟာဆာရခမ်း၊ လွဲ့အစ်၊ ယဆိုထွဏ်း၊ နခွန်းရာ့ချ်ဆီမား၊ ဘူရီရမ်၊ ဆူရင်း အစရှိတဲ့ ၁၇ ခရိုင်။ ထိုင်းအလယ်ပိုင်းမှာ နခွန်းဆဝမ်၊ ဥထိုင်းဌာနီ၊ ချိုင်းနတ်၊ လုပ်ပူရီ၊ ဆလပူရီ၊ ဆင်းပူရီ၊ အန်ထောင်း၊ အယုဒ္ဓယ၊ ဆုဖန်းပူရီ၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ နခွန်းပထုန်၊ စမွတ်စခွန်း၊ စမွတ်ဆုန်ခလမ်း၊ ဘန်ကောက်နှင့်အနီးတဝိုက် အစရှိတဲ့ ၁၅ ခရိုင်နဲ့ ထိုင်းအရှေ့ပိုင်းမှာတော့ နခွန်းနာယုဒ်၊ ကျန်ထပူရီ၊ တရတ်၊ ပရာကျင်းပူရီ၊ ဆာကယောက‌ေ၊ ချာ့ချိန်းဆောင်း၊ ချွန်းပူးရီး၊ လယောင်း အစရှိတဲ့ ၈ ခရိုင်တို့ ဖြစ်ကြပါတယ်။ 

မတ် ၂၀ ရက်မှာလည်း ခရိုင်ပေါင်း ၁၈ ခုမှာ မိုးသက်လေပြင်းနဲ့ မိုးသည်းကြွေတာတွေ ဆက်လက်သတိထားရမယ်လို့ ဆိုပါတယ်။ 

အဆိုပါ ၁၈ ခရိုင်မှာ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ဆုခိုထိုင်း၊ ကမ်ဖိုင်ဖစ်၊ ဖိကျစ်၊ ဗိစနုလုတ်၊ တာ့ခ်ခရိုင်၊ ထိုင်းအလယ်ပိုင်း နခွန်းဆဝမ်၊ ဥထိုင်းဌာနီ၊ ချိုင်းနတ်၊ ကန်ကျနပူရီ၊ ဆုဖန်းပူရီ၊ ရာ့ချ်ပူရီ၊ နခွန်းပထုန်၊ စမွတ်စခွန်း နဲ့ စမွတ်ဆုန်ခလမ်း၊ ထိုင်းတောင်ပိုင်း ဖစ်ချ်ပူရီ၊ ပရကျူပ်ခီရီခန် စတဲ့ခရိုင်တွေလို့ ဆိုပါတယ်။ 

ထိုင်းအရှေ့မြောက်ပိုင်း လွေးခရိုင် ပတ်ချူမ်း နဲ့ ချိန်းကုန်းမြို့နယ်တွေမှာ ဒီကနေ့ မတ် ၁၉ ရက် မနက်က မိုးသက်လေပြင်းကျပြီး မိုးသီးတွေပါ ကြွေခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။  

မိုးသက်လေပြင်းဟာ အချိန် ၅ နာရီကြာ တိုက်ခတ်ခဲ့ပြီး မြို့နယ် ၂ ခုရှိ အိမ်ခြေ ၅၀ ကျော် ခေါင်မိုးတွေလွင့်စင်ပျက်စီးခဲ့ကြောင်း၊ မိုးသီးတွေဟာ လူကြီးလက်မအရွယ်ခန့်ကြီးမားတယ်၊ သစ်ပင်ကြီးတွေ၊ လမ်းဘေးဓာတ်တိုင်တွေ လဲကျတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုနဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013