Home
နိုင်ငံတကာ
ဂျာမန်အဓိပတိနှင့် ဂျော်ဒန်ဘုရင် ဆွေးနွေး
DVB
·
March 18, 2024
Jordan's King Abdullah II meets with German Chancellor Olaf Scholz in Aqaba

ဂါဇာကမ်းမြောင်ဒေသက ရာဖာမြို့ကို အစ္စရေးကတိုက်ခိုက်ပါက ဖြစ်လာမယ့် အရပ်သား အသေအပျောက်တွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို ခက်ခဲစေလိမ့်မယ်လို့ ဂျာမန်အဓိပတိ အိုလာ့ဖ် ရှို့လ်ဇ်က ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနဲ့ ဂျော်ဒန်နိုင်ငံ အကာဘာမြို့မှာ ဆွေးနွေးအပြီး ပြောဆိုလိုက်ပါတယ်။

ရှို့လ်ဇ်ရဲ့ ဒေသတွင်းခရီးစဉ်အတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ မတ် ၁၇ ရက် နှောင်းပိုင်းမှာ ဒီအရေးကို ဆွေးနွေးမှာဖြစ်ပြီး ဒါဟာ အဓိက ငြင်းခုံမှုတရပ်ပဲလို့လည်း သူက ပြောပါတယ်။

ငါးလကြာစစ်ပွဲကြောင့် လူ ၂ ဒသမ ၃ သန်း နေခဲ့တဲ့ ပါလက်စတိုင်းနယ်မြေဟာ ခုတော့ ထောင်းထောင်းကြေ ပျက်စီးနေတာပါ။

ဒီနယ်မြေရဲ့ တောင်ဘက်အစွန်းကမြို့ကို တိုက်ခိုက်မယ့် အစီအစဉ်ကို နေတန်ယာဟုက မတ် ၁၅ ရက်မှာ အတည်ပြုပြီးတဲ့နောက် ဆွေးနွေးပွဲတွေကို အမြန်စီစဉ်ခဲ့ကြပါတယ်။

ဘုရင် အဗ္ဗဒူလာနဲ့ ဆွေးနွေးမှုဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး ဖြစ်နိုင်ချေအတွက် ရေရှည်အလားအလာအပေါ် စေ့စပ်ညှိနှိုင်းမှုဟာ အားလုံးအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ထပ်ရှင်းလင်းစေခဲ့တယ်လို့လည်း ရှို့လ်ဇ်က ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024