ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ဖြင့် ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
March 18, 2024
‘ရန်ကုန်သူပုန်များ’ စာသားပါ ဘန်နာ ကိုင်စွဲပြီး တော်လှန်လူငယ်များစုပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျားလှုပ်ရှားမှုတခုကို မတ်လ ၁၇ ရက်က ရန်ကုန်မြို့ တနေရာမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို Yangon Revolution Force - YRF (Soft Strike Community)၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ၊ ရန်ကုန်လူထုသပိတ် နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရရတကသ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။