အိန္ဒိယရေတပ်က စစ်သင်္ဘောတစ်စင်းဟာ ပြန်ပေးဆွဲခံထားရတဲ့ ရူအန် ကုန်တင်သင်္ဘောကို ကြားဖြတ်ဟန့်တားခဲ့ပြီး သင်္ဘောပေါ်က ဆိုမာလီ ပင်လယ်ဓားပြတွေကို လက်နက်ချခိုင်းခဲ့တယ်လို့ ရေတပ်ပြောရေးဆိုခွင့်ရှိသူ တယောက်က မတ် ၁၆ ရက်မှာ ပြောလိုက်ပါတယ်။
အိန္ဒိယရေတပ်က ပင်လယ်ဓားပြတွေ လက်နက်ချဖို့နဲ့ သင်္ဘောကိုရော ပြန်ပေးဆွဲခံ အရပ်သားတွေကိုပါ လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
မော်လ်တာနိုင်ငံ အလံတင်ထားတဲ့ ကုန်တင်သင်္ဘောကို ဒီဇင်ဘာ ၁၄ ရက်က ပြန်ပေးဆွဲခဲ့တဲ့ ပင်လယ်ဓားပြတွေဟာ မတ် ၁၅ ရက်မှာ နိုင်ငံတကာရေပိုင်နက်ထဲက အိန္ဒိယ ရေတပ်သင်္ဘောကို ပစ်ခတ်ခဲ့တယ်လို့ ရေတပ်ပြောခွင့်ရက ပြောခဲ့ပြီး အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။
ဆိုမာလီပင်လယ်ဓားပြတယောက်က ရွေ့လျားနေတဲ့ သင်္ဘောပေါ်ကို လက်နက်နဲ့ ပစ်ခတ်နေတဲ့ ရုပ်သံကို အိန္ဒိယရေတပ်ပြောခွင့်ရက လူမှုမီဒီယာပလက်ဖောင်း X မှာ တင်ခဲ့ပါတယ်။ သင်္ဘောကို ရုပ်သံဖိုင်တွေအရ အတည်ပြုနိုင်ခဲ့ပေမယ့် ဗီဒီယိုရိုက်ကူးခဲ့တဲ့ တည်နေရာနဲ့ ရက်စွဲကို သီးခြား အတည်မပြုနိုင်သေးပါဘူး။
Source/Photo-Reuters