Home
နိုင်ငံတကာ
ဂျာမနီတွင် အမေရိကန် ကြည်းတပ် အကြီးစားစစ်ရေးလေ့ကျင့်
DVB
·
March 17, 2024
U.S. Army hosts multinational 'Allied Spirit 24' exercise in Germany

‘မဟာမိတ်စိတ်ဓာတ် ၂၄’လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်ခန်းကို ဂျာမနီနိုင်ငံ၊ ဟိုဟန်ဖဲလ်မြို့က အမေရိကန်စစ်တပ်ရဲ့ လေ့ကျင့်ရေးစခန်းမှာ မတ် ၁၆ ရက်က ဆက်လေ့ကျင့်ခဲ့ပါတယ်။

အမေရိကန် ကြည်းတပ် ဦးဆောင်တဲ့ အကြီးစားလေ့ကျင့်ခန်းဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးနဲ့ သူ့ရဲ့ အဓိကမိတ်ဖက်တွေကြားမှာ တပ်ဖွဲ့ဝင်တွေ အဆင်သင့်ဖြစ်ဖို့နဲ့ အပြန်အလှန်လုပ်ဆောင်နိုင်ဖို့ အာရုံစိုက်ထားပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်ချိန်ကစပြီး ဂျာမန် ကြည်းတပ်က တပ်ဖွဲ့တွေရဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ 'QUADRIGA 2024' လို့လည်းခေါ်တဲ့ နိုင်ငံပေါင်းစုံ ပါဝင်ပြီး စစ်ရေးလေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။

အခုနှစ် စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်သူ ၂၀ ရာခိုင်နှုန်းဟာ အမေရိကန် စစ်တပ်က ဖြစ်ပြီး ဂျာမန်စစ်တပ်ရဲ့ အမှတ် ၄၁ ပန်ဇာဂရန်နာဒီယာ တပ်မဟာက အဓိကလေ့ကျင့်ရေး ပရိသတ် ဖြစ်လာပါတယ်။ 

“သူတို့က သူတို့ရဲ့ အစီအစဉ်တွေကို ရေးဆွဲပြီး အနီးကပ်တိုက်ပွဲမှာ တပ်တွေကို ပူးတွဲစီမံခန့်ခွဲဖို့ သူတို့ရဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ရာမှာ ပြောင်ပြောင်မြောက်မြောက် အလုပ်လုပ်နေပါတယ်” လို့ အမေရိကန်ဗိုလ်မှူးနဲ့ ပြည်သူ့ဆက်ဆံရေးအရာရှိ ဂျွန်ဂျေ အမ်ဘယ်လန်းဂ်က ပြောပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်လာခဲ့ပြီးတဲ့နောက် မကြာသေးမီက ဖင်လန်နဲ့ ဆွီဒင်တို့ နေတိုး စစ်ရေး မဟာမိတ်အဖွဲ့ထဲကို ဝင်လာလို့ NATO ဟာ ဥရောပ အရှေ့ဘက်ခြမ်းမှာ စစ်အင်အားကို တိုးမြှင့်ချထားခဲ့ပါတယ်။ 

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013