Home
မြန်မာသတင်း
ချင်းမိုင်နှင့် ရန်ကုန် ကမ္ဘာ့လေထုညစ်ညမ်းမှုအဆိုးရွားဆုံး ၅ နိုင်ငံ၌ပါဝင် 
DVB
·
March 15, 2024
chin 1532024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ မီးခိုးမြူတွေပိန်းပိတ်နေပြီး  ကမ္ဘာ့လေထုတိုင်းထွာ ရေးအဖွဲ့ IQair.com ရဲ့ မတ်လ ၁၅ ရက် ဒီကနေ့မနက်ထုတ်ပြန်ချက်အရ  ချင်းမိုင်ဟာ ကမ္ဘာမှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံး အဆင့် ၁ ကိုရောက်ရှိနေပြီလို့ ဆိုပါတယ်။

ဒီမနက် ၁၀ နာရီ တိုင်းထွာချက်အရ ချင်းမိုင်ရဲ့ လေထုညစ်ညမ်းမှုဟာ ၂၀၃ AQ/US နဲ့ ပထမအဆုံးရွာဆုံးဖြစ်ပြီး ဒုတိယအများဆုံးက နီပေါနိုင်ငံ ခတ္တမတ္တူမြို့  ၁၇၁ AQ/US ၊ တတိယမှာ တရုတ်နိုင်ငံ  ဘေဂျင်းမြို့  ၁၆၉ AQ/US  ၊ စတုတ္ထမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ ၁၆၈ AQ/US  ဖြစ်တယ်လို့ ဆိုပါတယ်။

P.M 2.5 မီးခိုးမြူသိပ်သည်းမှုမှာ ဒီမနက် ၈ နာရီ တိုင်းထွာချက်အရ ချင်းမိုင်မြို့ပေါ်မှာ ၁ ကုဗမီတာလျှင် ၂၅၆ မိုက်ခရိုဂရမ်ရှိပြီး အများဆုံးကတော့ ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ်မှာ ၁ ကုဗမီတာလျှင် ၅၀၈ မိုက်ခရိုဂရမ်ရှိတယ်လို့  ချင်းမိုင် တက္ကသိုလ် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အချက်အလက်စင်တာက ထုတ်ပြန်ပါတယ်။ 

ထိုင်းမြောက်ပိုင်းမှာ တောမီးလောင်မှုတွေဖြစ်ပွါးနေပြီး မတ်လ ၁၄ ရက်မှာ မီးလောင်ဇုန် Hot Sport ပေါင်း  ၁၁၃ နေရာကို တွေ့ရှိကာ ချင်းမိုင် ၂၅ မြို့နယ် အနက် ၁၈ မြို့နယ်ထဲမှာ ရှိနေတာလို့ ဆိုပါတယ်။

အခုလိုမီးခိုးမြူတွေပိတ်ဆို့နေတာဟာ ပြည်သူလူထုရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေကြောင်း၊  မီးခိုးမြူတွေကြောင့် မျက်စိနာ၊ အရေပြားယားယံ၊ နှာခေါင်းနာ၊  နှာခေါင်းသွေးယိုတာတွေဖြစ်တတ်ပြီး အထူးသဖြင့် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး အခံမကောင်းသူတွေ သတိထားကြဖို့၊ ထူးခြားတဲ့လက္ခဏာရှိရင် ဆေးရုံအမြန်ပြဖို့ ချင်းမိုင်တက္ကသိုလ် ဆေးဘက်ဆိုင်ရာဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ 

Source: Thai Rath/ PPTV

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013