Home
မြန်မာသတင်း
တောင်ငူလေတပ်စခန်း  ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
March 15, 2024
done 1532024

ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံမှုနဲ့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က မတ် ၁၄ ရက် ည ၈ နာရီ ၄၄ မိနစ်လောက်မှာ ရှော့တိုက်ဒုံးငါးလုံး ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လေတပ်စခန်းထဲကို ပစ်လိုက်တဲ့ ရှော့တိုက်ဒုံးငါးလုံးမှာ သုံးလုံးက လေတပ်စခန်းထဲ ကျရောက်သွားပြီး နှစ်လုံးက ပစ္စည်း error တက်ခဲ့တယ်လို့ BWM အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကျရောက်တဲ့ သုံးလုံးထဲက တလုံးက လေယာဥ်ကိုထိတယ်လို့ သိရတယ်။ နောက်တလုံးက လက်နက်တပ်ဆင်ရုံနား ကျရောက်သွားတယ်လို့ သိရတယ်။ နောက်တလုံးက ဆီသိုလှောင်ရုံနဲ့ မလှမ်းမကမ်းကို ကျရောက်တယ်လို့ သိရတယ်။”

လေတပ်စခန်းထဲ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ပြီးနောက် တခြားထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးသလို နောက်ဆက်တွဲအခြေအနေနဲ့ ပတ်သက်ပြီး မသိရသေးဘူးလို့ ပြောပါတယ်။

“ပစ္စည်းမအောင်လို့ လုံခြုံရေးအရ ရှောင်ဖို့လိုလို့ မဖြစ်မနေ ချန်ထားခဲ့ရတာတွေတော့ ရှိပါတယ်။ ငွေကြေးအနေနဲ့ကတော့ သိန်းရာနဲ့ချီတဲ့ အထက်မှာပဲ ရှိပါတယ်၊ အကုန်အကျ များပါတယ်။”

အရင်မစ်ရှင်တွေတုန်းကတော့ အဲလိုပစ်ပြီးရင် စစ်ကောင်စီတပ်က ဖြစ်နိုင်ခြေရှိတဲ့ အနီးနားဝန်းကျင်တွေကို ပိုက်စိပ်တိုက် ရှာဖွေတာတွေ၊ အနီးနားဝန်းကျင်က လူနေရပ်ကွက်တွေ၊ ကျေးရွာတွေကို ဝင်ရမ်းခဲ့တာ ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024