လီဗာပူးတောင်ပံတိုက်စစ်ကစားသမား မိုဆာလာဟာ လီဗာပူးအသင်းအတွက် ၇ နှစ်ဆက်တိုက် ဂိုးပေါင်း ၂၀ နဲ့ အထက်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။
ဆာလာဟာ မနေ့ညက ကစားခဲ့တဲ့ စပါတာပရပ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့ပါတယ်။
ဆာလာဟာ ၂၀၁၇ ခုနှစ်ကတည်းက လီဗာပူးအသင်းဆီစတင် ရောက်ရှိခဲ့ပြီး အသင်းအတွက် ၇ ရာသီ ဆက်တိုက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၀ နဲ့ အထက် သွင်းယူနိုင်ခဲ့တာပါ။
ဒါဟာ လီဗာပူးအသင်းရဲ့ ဂန္ထဝင်ကစားသမားတွေတောင် မလုပ်ဆောင်နိုင်ခဲ့တဲ့စံချိန်ဖြစ်ပြီး ဆာလာ အတွက် ဂုဏ်ယူစရာ စံချိန်မှတ်တမ်းဖြစ်ခဲ့ပါတယ်။
ဆာလာဟာ ဥရောပပြိုင်ပွဲတွေမှာ ဂိုးအများ ဆုံးသွင်းယူနိုင်တဲ့ အာဖရိက ကစားသမားအဖြစ် မှတ်တမ်းတင်ထားသလို ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင် ဆုကိုလည်း သုံးကြိမ် ရရှိထားပါတယ်။
Photo-Reuters