အင်္ဂလန်လက်ရွေးစင်အသင်းမှာ မန်ယူကွင်းလယ်ကြယ်ပွင့် မိန်နူးကို မရွေးချယ်ဖြစ်တဲ့ အကြောင်းအရင်းကို နည်းပြ ဆောက်ဂိတ်ကရှင်းလင်းသွားပါတယ်။
မန်ယူကွင်းလယ် ကစားသမားကိုဘီမိန်နူးဟာ အသင်းမှာ ပွဲထွက်ခွင့်ရရှိမှုနဲ့အတူ ခြေစွမ်းပြနေလို့ လက်ရွေးစင်အသင်းမှာ ရွေးချယ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပေမဲ့ အင်္ဂလန်အသင်းလူစာရင်း ထွက်ပေါ်လာချိန်မှာ ပါဝင်လာခြင်းမရှိခဲ့တာပါ။
ကိုဘီမိန်နူးဟာ အလွန်အလားအလာကောင်းတဲ့ လူငယ်ကစားသမားတဦးဖြစ်ပြီး အင်္ဂလန် အသင်းအနေနဲ့ လူငယ်ကစားသမားတဦးကို အသင်းဆီခေါ်ယူဖို့ ဝန်မလေးကြောင်း၊ ဒါပေမဲ့ ပွဲ အတွေ့အကြုံ အများကြီးမရှိသေးတာကြောင့်သာ မရွေးချယ်သေးတာဖြစ်ပြီး ကလပ်အသင်းမှာ ဆက်လက်တိုးတက်လာစေဖို့ အခွင့်အရေးပေးခဲ့တာဖြစ်ကြောင်း နည်းပြဆောက်ဂိတ်ကပြောပါ တယ်။
အင်္ဂလန်အသင်းအနေနဲ့ အာဆင်နယ်က ဘူကာရိုဆာကာနဲ့ ရီးရဲလ်က ဘယ်လင်ဂမ်တို့ကိုလည်း အချိန်တခု စောင့်ပြီးမှ အသင်းကြီးဆီ ခေါ်ယူခဲ့တာဖြစ်ကြောင်း နည်းပြဆောက်ဂိတ်က ရှင်းလင်း ပြောကြားပါတယ်။
Photo-Reuters