နွေရာသီ အပူချိန်မြင့်တက်နေတဲ့အတွက် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ အပူရှပ်ဖျားနာနေကြပြီး ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက သိရပါတယ်။
ဝက်လက်မြို့နယ်ထဲက ရှိန်းမကားကျေးရွာအပါအဝင် အနီးတဝိုက်ကျေးရွာတွေဖြစ်တဲ့ ဘုတ်ကြီးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ အင်ဒေါင်းကျေးရွာ စတဲ့ကျေးရွာက ပြည်သူ ၂၀၀၀ ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရတာ ၂ နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ နီးစပ်ရာကျေးရွာတွေရဲ့ စာသင်ကျောင်း ဘုန်းကြီးကျောင်းတွေနဲ့ ဧရာဝတီမြစ်ကမ်း တလျှောက်မှာ မြေစိုက်တဲတွေနဲ့ ယာယီနေထိုင်နေကြရတယ်လို့လည်း သိရပါတယ်။
စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအများဆုံးပါဝင်ကြပြီး အများစုက အပူရှပ်ဖျားနာတွေ ဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။
နာတာရှည် ရောဂါသည်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း ဆေးဝါးတွေပြတ်လပ်နေပြီး စားနပ်ရိက္ခာအကူအညီတွေလည်း လိုအပ်နေတယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့အဖွဲ့ က ပြောပါတယ်။
ရှိန်းမကားကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ အထိုင်စခန်းရှိပြီး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏတိုက်ပွဲဖြစ်ပွါးတဲ့အတွက် ရွာခံတွေက တိမ်းရှောင်နေကြရတာ နှစ် နှစ်နီးပါးရှိ ပြီဖြစ်ပါတယ်။
ဟန်န