Home
နိုင်ငံတကာ
‌ဘောလုံးသမားနှင့် သူဌေးနေအိမ်များကို ဖောက်ထွင်းလုယက်ခဲ့သူ ၆ ဦးကို  စပိန်ရဲ ဖမ်းဆီး
DVB
·
March 14, 2024
Spanish police arrest six over robberies of LaLiga soccer players' homes

စပိန်လာလီဂါ ထိပ်တန်းဘောလုံးသမား ရာဒမဲလ်ဖားလ်ကောက်နဲ့ ရိုဒရီဂိုဆေးလ်ဗာဒီဂို့စ် အပါအဝင် လူချမ်းသာ ၈ ဦးရဲ့ မက်ဒရစ်မြို့တော်က နေအိမ်တွေကို လုယက်မှုတွေနဲ့ ပတ်သက်ပြီး သံသယရှိသူ ၆ ဦးကို ဖမ်းမိခဲ့ကြောင်း စပိန်ရဲတပ်ဖွဲ့က မတ် ၁၃ ရက်မှာ ပြောပါတယ်။

အမျိုးသားငါးဦးနဲ့ အမျိုးသမီးတဦးတို့ကို ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့က နာရီ ၁၀ လုံး၊ လက်ဝတ်ရတနာများ၊ ငွေသား ယူရို ၃,၃၀၀ နဲ့ ပစ္စတိုလေသေနတ် နှစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပေမဲ့ အခုသီတင်းပတ်မှ ထုတ်ဖော်ပြောကြားခဲ့တာပါ။ ဒီဖောက်ထွင်းမှု အစီအစဉ်တွေကို မက်ဒရစ်မြို့နဲ့ အနီးတဝိုက်ရှိ ချမ်းသာတဲ့ ရပ်ကွက်တွေမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လက စတင်ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

နစ်နာသူတွေထဲမှာ လာလီဂါ ဘောလုံးကလပ် ရာယို ဗက်လက်ကာနိုမှ ကိုလံဘီယာ ကစားသမား ရာဒမဲလ် ဖားလ်ကောက်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားနေတဲ့ ဘရာဇီးလ်နိုင်ငံသား ရိုဒရီဂို ဆေးလ်ဗာဒီဂို့စ်တို့လည်း ပါဝင်တယ်လို့ ရဲသတင်းရင်းမြစ် တခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ကစားသမားတွေနဲ့ သူတို့ရဲ့အဖော်တွေ ဆိုရှယ်မီဒီယာမှာ မျှဝေထားတဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို လေ့လာပြီးတော့ သူတို့ရဲ့ နေအိမ်အကွက်အကွင်းတွေနဲ့ သူတို့အိမ်ကနေ အဝေးရောက်နေချိန်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းခဲ့ကြတာကြောင့် သံသယရှိသူတွေဟာ သူခိုးစွမ်းရည် ကျွမ်းကျင်မှု မြင့်မားတယ်လို့ ရဲတွေက ပြောပါတယ်။

သံသယရှိသူတွေဟာ နေအိမ်တွေအတွင်းကို ဘယ်လိုဝင်လို့ရမလဲ ဆိုတာကိုလည်း လုံခြုံရေးစနစ်တွေကို ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဖမ်းဆီးထားသူတွေထဲက သုံးဦးကို အင်အားသုံး လုယက်မှု၊ အကြမ်းဖက် ခြိမ်းခြောက် လုယက်မှု၊ စာရွက်စာတမ်း အတုအပ ပြုလုပ်မှုနဲ့ ငွေကြေးခဝါချမှုတို့နဲ့ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024