ပီရူးအာဏာပိုင်တွေဟာ မတ် ၁၃ ရက်က ကိုကင်း၊ ဆေးခြောက်နဲ့ စိတ်ကြွဆေးပြားတွေ အပါအဝင် တရားမဝင် မူးယစ်ဆေးဝါး တန်ချိန် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒီမူးယစ်ဆေးဝါး တန်ချိန် ၂၀ ကျော်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ဆင်ရေးများစွာကနေ သိမ်းဆည်းရမိခဲ့ပြီး မီးရှို့ခဲ့တာဖြစ်ကြောင်း ပီရူးသမ္မတ ဒီနာဘိုလွာတေးက ပြောပါတယ်။
ဒီမူးယစ်ဆေးရဲ့ ၆၀ ရာခိုင်နှုန်းကျော်က ကိုကင်းတွေဖြစ်ပြီး ဥရောပနဲ့ မြောက်အမေရိက ဈေးကွက်တွေအပြင် ပြည်တွင်းဈေးကွက်အတွက်ပါ ရည်ရွယ်ထားတဲ့ အဲဒီ မူးယစ်ဆေးဝါး အများစုကို ပြူရာ၊ အယာကူချိုနဲ့ ပူနိုတို့မှာ သိမ်းဆည်းရမိခဲ့တာဖြစ်ကြောင်း ပီရူးပြည်ထဲရေးဝန်ကြီး ဗစ်တာတောရက်စ်က ပြောပါတယ်။
Source/Photo-Reuters